၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း၊ မန္တလေးမြို့

မန္တလေးမြို့ ၊ သြဂုတ်လ ၂၉ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ပေးခြင်း အခမ်း အနားကို ၂၉-၈-၂၀၁၇ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန်းမဟာမြတ်စက္ကူစက်ရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံ ရေးအဖွဲ့မှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အရာထမ်း၊ အမှုထမ်းများ၊ အကျိုးခံစားခွင့်ရရှိသူနှင့် ၎င်း၏မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးလှမြင့်မှအဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မန်းမဟာမြတ်စက္ကူစက်ရုံမှ အာမခံအလုပ်သမား ဦးဇော်မြင့်၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်ငွေကျပ်-၂,၇၉၄,၁၇၆/-( ကျပ်နှစ်ဆယ့်ခုနစ်သိန်းကိုးသောင်း လေးထောင်တစ်ရာခုနှစ်ဆယ့်ခြောက်တိတိ ) အား မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိမှ ထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူကိုယ်စား မန်းမဟာမြတ်စက္ကူစက်ရုံမှ တာဝန်ရှိသူ ဒေါ်ဖြိုးအိလွင်မှ ကျေးဇူး တင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၁:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။