၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ဆေးဖိုးကုန်ကျငွေထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း၊ မန္တလေး

မန္တလေးမြို့၊ သြဂုတ် လ ၉ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည်၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ပေးခြင်း အခမ်းအနား ကို ၉-၈-၂၀၁၇ ရက်နေ့ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုဖူလုံရေး ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံ အရာရှိ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အရာထမ်း၊ အမှုထမ်းများ၊ အကျိုးခံစားခွင့် ရရှိသူများနှင့် ၎င်းတို့၏မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ဦးလှမြင့်မှအဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မန္တလေးမြို့နယ်လူမှုဖူလုံရေးရုံး (ရုံးခွဲ-၂) တွင် အကျုံးဝင်မှတ်ပုံတင်ထားသော မန္တလေးတိုင်းလျှပ်စစ်မှ အာမခံအလုပ်သမား ဦးကျော်မင်းလတ် ၏ဆေးဖိုးကုန်ကျငွေ ၂,၀၀၀,၀၀၀ိ/ကျပ် နှင့် ၉၁၁,၆၈၅ိ/ကျပ်၊ စုစုပေါင်း ၂,၉၁၁,၆၈၅ိ/(ကျပ်နှစ်ဆယ့်ကိုးသိန်းတစ်သောင်းတစ်ထောင်ခြောက်ရာရှစ်ဆယ့်ငါးတိတိ) တို့အားခွင့်ပြုထုတ်ပေး ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ ဦးကျော်မင်းလတ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါ သည်။ ထို့နောက်အခမ်းအနားကို (၁၅:၀၀) နာရီအချိန်တွင်ရုတ်သိမ်းခဲ့ပါသည်။

Screenshot_2
တိုင်းဒေသကြီး တာဝန်ခံမှ အဖွင့်အမှာစကား ပြောကြားစဉ်

Screenshot_1
တိုင်းဒေသကြီး တာဝန်ခံမှ အကျိုးခံစားခွင့် ထုတ်ပေးနေစဉ်