၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း၊ မန္တလေးမြို့

မန္တလေးမြို့၊ စက်တင်ဘာလ ၂၁ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ပေးခြင်း အခမ်းအနား ကို ၂၁-၉-၂၀၁၇ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေနှင့် ဦးဇော်ဇော်အောင်၊ မန္တလေးတိုင်း ဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေကြီးတာဝန်ခံအရာရှိ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ အရာထမ်း၊ အမှုထမ်းများ၊ အကျိုးခံစားခွင့်ရရှိသူများနှင့် ၎င်းတို့၏မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးလှမြင့်မှအဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး (ရုံးခွဲ-၂) တွင်အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာပေါင်းစည်းစွမ်းအားကုမ္ပဏီမှ အာမခံအလုပ် သမား ဦးထွန်းလင်း၏ ကျန်ရစ်သူမိသားစုများအား နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၄,၄၄၆,၉၀၀ိ/- (ကျပ်လေးဆယ့်လေးသိန်းလေးသောင်းခြောက်ထောင်ကိုးရာတိတိ)၊ သာစည်မြို့နယ်၊ ရွှေတောင်ဘိလပ်မြေစက်ရုံမှ အလုပ်တွင်ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးသွား သည့်အာမခံအလုပ်သမား ဦးအောင်ကျော်ကျော်၏အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ငွေကျပ် ၁,၆၀၈,၇၆၈ိ/- (ကျပ်တစ်ဆယ့်ခြောက်သိန်းရှစ်ထောင်ခုနှစ်ရာခြောက်ဆယ့်ရှစ်တိတိ) နှင့်ပါဝါ ဓါတ်ခဲစက်ရုံမှ အလုပ်တွင်ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးသွားသည့် အာမခံအလုပ်သမား ဦးသက်နိုင်အား အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ငွေကျပ်၁,၀၄၅,၈၀၀ိ/-(ကျပ်တစ်ဆယ်သိန်း လေးသောင်းငါးထောင်ရှစ်ရာတိတိ) နှင့် SMI ပီနံအိတ်စက်ရုံမှ အလုပ်တွင်ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးသွားသည့် အာမခံအလုပ်သမား ဒေါ်စန်း(ခ) ဒေါ်ခင်မာစန်းအား အမြဲတမ်းမသန် စွမ်းမှု အကျိုးခံစားခွင့်ငွေကျပ် ၅၃၈,၆၅၀ိ/- (ကျပ်ငါးသိန်းသုံးသောင်းရှစ်ထောင်ခြောက်ရာငါး ဆယ်တိတိ) တို့အား အသီးသီးခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများ၏ကိုယ်စား မြန်မာပေါင်းစည်းစွမ်းအားကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးသုတဖေမှ ကျေးဇူးတင်စကားပြော ကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားကို နံနက် (၁၁: ၀၀) နာရီအချိန်တွင်ရုတ်သိမ်းခဲ့ပါသည်။