၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းနှင့် ဆေးဖိုးကုန်ကျငွေထုတ်ပေးခြင်း အခမ်းအနား။ မန္တလေး

မန္တလေးမြို့၊ ဇူလိုင်လ ၁၈ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ပေးခြင်း အခမ်းအနား ကို ၁၈-၇-၂၀၁၇ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေကြီးတာဝန်ခံအရာရှိ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ဦးလှမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မန္တလေးမြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၃) တွင် အကျုံးဝင်မှတ်ပုံတင်ထားသော Sweety Home ပရိဘောဂ(မန်းဧရာဝဏ်စက်ရုံ)မှ အာမခံ အလုပ်သမားဦးဇော်ဝင်း၏ အလုပ်တွင်ဒဏ်ရာရရှိခြင်းကြောင့် လုပ်အားဆုံးရှုံးမှုအတွက် အမြဲ တမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်ငွေကျပ် ၁,၉၈၀,၄၅၅ိ.၄ဝါး-(ကျပ်တစ်ဆယ့်ကိုးသိန်းရှစ်သောင်းလေးရာငါး ဆယ့်ငါး/၄ဝါး-)နှင့် သဇင်ဘီစကစ်စက်ရုံမှ အာမခံအလုပ်သမား ဦးအောင်ကျော်စိုးအား ဆေးကုသမှုအတွက် ဆေးဖိုးကုန်ကျငွေကျပ် ၅၂၇,၂၅၀ိ/- (ကျပ်ငါးသိန်းနှစ်သောင်းခုနှစ်ထောင်နှစ်ရာ့ငါးဆယ်တိတိ) တို့ အား ခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများ၏ ကိုယ်စား Sweety Home ပရိဘောဂ စက်ရုံ(မန်းဧရာဝဏ်)၊ စက်ရုံမှူးဦးသက်နိုင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို (၁၀:၄၅) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

mandalay(18-7-17)
Sweety Home ပရိဘောဂ( မန်းဧရာဝဏ် ) စက်ရုံမှ အာမခံအလုပ်သမားဦးဇော်ဝင်း၏ အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့်ငွေကျပ် ၁,၉၈၀,၄၅၅ိ.၄၀/-အား တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမြင့်မှ ပေးအပ်စဉ်

mandalay(18-7-17)2
သဇင်ဘီစကစ်စက်ရုံမှ အာမခံအလုပ်သမားဦးအောင်ကျော်စိုး၏ဆေးဖိုးကုန်ကျငွေကျပ် ၅၂၇,၂၅၀ိ/- အား တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူးဦးလှမြင့်မှ ပေးအပ်စဉ်