၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း

၁။ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ အမှတ်(၁)အထည်စက်ရုံအစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၂၂-၄-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ပဲခူးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အမှတ်(၁)အထည်စက်ရုံမှ အာမခံအလုပ်သမား ဦးသိန်းရွှေ၏ လုပ်ငန်းခွင်ပြင်ပထိခိုက်သေဆုံးမှု ကြောင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၅,၄၀၀,၀၀၀/- ကို ဦးသိန်းရွှေ၏မိခင် ဖြစ်သူဒေါ်မမေအား ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးတာဝန်ခံအရာရှိ၊ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်မှပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူကိုယ်စားရပ်မိရပ်ဖ ဦးသောင်းထွန်းနှင့် အမှတ်(၁) အထည်စက်ရုံမှ စက်ရုံမှူးဦးရွှေကိုတို့မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။
၂။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မန်းရေနံမြေအစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၃၀-၄-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မင်းဘူးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေမှ အာမခံအလုပ်သမား ဦးသူရအောင်၏ လုပ်ငန်းခွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်းငွေကျပ် ၄,၈၆၀,၀၀၀/- ကို ဦးသူရအောင်၏ဇနီးဖြစ်သူဒေါ်စုစုထက်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးဦးမြင့်ဆွေမှလည်းကောင်း၊ ချောက်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ အာမခံအလုပ်သမား ဦးကျော်မျိုးသက်၏ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံး ခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်းငွေကျပ်- ၅,၄၀၀,၀၀၀/-ကို ဦးကျော်မျိုးသက် ၏ ဖခင်ဖြစ်သူ ဦးသန်းဦးအား မင်းဘူးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံမှ လည်းကောင်း၊ ချောက်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား သော ချောက်ရေနံမြေမှ အာမခံအလုပ်သမား ဦးရဲမင်းထွန်း၏ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံး ခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်းငွေကျပ်- ၄,၃၂၀,၀၀၀/-ကို ဦးရဲမင်းထွန်း၏ ဇနီးဖြစ်သူဒေါ်ခိုင်ခိုင်ဝါအား တိုင်းဒေသကြီးအလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသ ကြီးတာဝန်ခံအရာရှိ ဒေါ်နုနုဆွေမှ လည်းကောင်းပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများကိုယ်စား မင်းဘူးမြို့၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကွယ်လွန်သူဦးသူရအောင်၏ ဇနီးဖြစ်သူဒေါ်စုစုထက်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။