၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား ကျင်းပခဲ့ခြင်း

ရန်ကုန်မြို့၊ မေ လ ၅ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၅-၅-၂၀၁၈ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် လူမှုဖူလုံရေးဝင်း၊ (၄)ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးအဖွဲ့၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ခရိုင်တာဝန်ခံများ၊ မြို့နယ်တာဝန်ခံများ၊ မြို့နယ်တာဝန်ခံဆရာဝန်များ၊ ဒုတိယဦးစီးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အကျိုးခံစားခွင့်ရရှိသူများ၊ အကျိုးခံစားခွင့်ရရှိသူများ၏ မိသားစုဝင်များ၊ အာမခံအလုပ်ဌာန များမှ အလုပ်ရှင်နှင့်အလုပ်သမားများ စုစုပေါင်း (၁၁၀) ဦးတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိမှ အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး ရုံးခွဲ(၇)တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ အာမခံအလုပ် သမားဦးထွန်းထွန်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံ စားခွင့်နှင့်နာရေးစရိတ် ငွေလုံးငွေရင်းငွေကျပ် ၅,၅၁၇,၆၀၀ိ/- (ကျပ်ငါးဆယ့်ငါးသိန်းတစ်သောင်း ခုနှစ်ထောင့်ခြောက်ရာတိတိ)နှင့် မြို့နယ်လူမှုဖူလုံရေးရုံး ရုံးခွဲ(၇)တွင် အကျုံးဝင်မှတ်ပုံတင်ထား သည့် ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းဌာနခွဲ မှ အာမခံအလုပ်သမား ဦးအောင်သန်း၏ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် နာရေးစရိတ် ငွေလုံးငွေရင်း ငွေကျပ် ၄,၅၇၈,၆၆၀ိ/- (ကျပ်လေးဆယ့်ငါးသိန်းခုနှစ်သောင်းရှစ်ထောင်ခြောက်ရာ့ခြောက် ဆယ်တိတိ) တို့ကို ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးစိန်သန်းမြင့်မှလည်းကောင်း၊ မှော်ဘီမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသော Textile Palace Co.,Ltd မှ အာမခံအလုပ်သမားဒေါ်ဖြိုးအိနိုင်၏ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့်နာရေးစရိတ် ငွေလုံးငွေရင်း ငွေကျပ် ၃,၃၉၀,၁၂၀ိ/- (ကျပ်သုံးဆယ့်သုံးသိန်းကိုးသောင်းတစ်ရာ့နှစ်ဆယ်တိတိ)ကို မြောက်ပိုင်း ခရိုင်၊ ခရိုင်တာဝန်ခံအရာရှိ ဦးမောင်မောင်မင်းမှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည် သာမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Blue Mountain Co.,Ltd မှ အာမခံအလုပ်သမားဒေါ်နီနီဝင်း၏ ဆေးဖိုးပြန်အမ်းငွေကျပ် ၃,၇၅၆,၆၅၀ိ/- (ကျပ်သုံးဆယ့် ခုနှစ်သိန်းငါးသောင်းခြောက်ထောင်ခြောက်ရာ့ငါးဆယ်တိတိ) ကိုရန်ကုန်တိုင်းဒေသကြီး၊ တောင် ပိုင်းခရိုင်၊ ခရိုင်တာဝန်ခံအရာရှိ ဒေါ်နီလာဆွေမှလည်းကောင်း အသီးသီးထုတ်ပေးခဲ့ပါသည်။ ထို့နောက် အကျိုးခံစားခွင့်ရရှိသူများကိုယ်စား ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းအလုပ်ဌာနမှ ဒု-အင်ဂျင်နီယာမှူးကြီး ဦးအက်စ်ကေမြတ်သူမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် (၁၁:၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။