၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား ကျင်းပခဲ့ခြင်း

ကောလင်းမြို့၊ မေ လ ၄ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၄-၅-၂၀၁၈ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဇာတိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိများ၊ ဖိတ်ကြားထားသောဧည့်သည်တော် များ၊ အကျိုးခံစားခွင့်ရရှိသူများ၊ အကျိုးခံစားခွင့်ရရှိသူများ၏ မိသားစုဝင်များ၊ အာမခံအလုပ် ဌာနများမှ အလုပ်ရှင်နှင့် အလုပ်သမားများ စုစုပေါင်း (၄၅) ဦးတက်ရောက်ခဲ့ကြ ပါသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းမှ အဖွင့်အမှာစကားပြောခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသ ကြီးတာဝန်ခံအရာရှိ ဒေါ်နှင်းနှင်းဦးမှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကောလင်းမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် ကောလင်းသစ်ထုတ်လုပ်ရေးမှ အာမခံအလုပ်သမားဦးအောင်လင်း(ခ) နော်နော်၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံး ငွေရင်း ငွေကျပ် ၄,၅၀၀,၀၀၀ိ/- (ကျပ်လေးဆယ့်ငါးသိန်းတိတိ)နှင့် နာရေးစရိတ် ငွေကျပ် ၃၀၀,၀၀၀ိ/- (ကျပ်သုံးသိန်းတိတိ)ကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူဝင်း မှလည်းကောင်း၊ ကောလင်းမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ထာဝရကုမ္ပဏီမှ အာမခံအလုပ်သမား ဦးအောင်သူဟိန်း၏ ဆေးဖိုးပြန်အမ်းငွေကျပ် ၇၃၆,၀၀၀ိ/- (ကျပ်ခုနှစ်သိန်းသုံးသောင်းခြောက်ထောင်တိတိ)ကို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးမှလည်းကောင်း၊ ကောလင်းမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား သည့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ အာမခံအလုပ်သမားဦးအောင်မြဦး ၏ ဆေးဖိုးပြန်အမ်း ငွေကျပ် ၃၀၀,၀၀၀ိ/- (ကျပ်သုံးသိန်းတိတိ)ကို ကောလင်းမြို့၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်ဝင်းမှ လည်းကောင်းအသီးသီးထုတ်ပေးခဲ့ပြီး အခမ်းအနားကို နံနက် (၁၁:၀၀)နာရီအချိန်တွင် ရုတ်သိမ်း ခဲ့ပါသည်။