၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီဆေးဖိုးကုန်ကျငွေထုတ်ပေးခြင်းအခမ်းအနား၊ မှော်ဘီမြို့

မှော်ဘီမြို့၊ ဇွန်လ ၉ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၉-၆-၂၀၁၇ ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် မှော်ဘီမြို့၊ မြို့နယ်လူမှုဖူ လုံရေးရုံးခွဲ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်လူမှုဖူလုံရေးရုံးခွဲ မှော်ဘီမြို့ ရုံးခွဲတာဝန်ခံ၊ တာဝန်ခံဆရာဝန် ဒုတိယဦးစီးမှူးများ၊ Coca-Cola Co.,Ltd မှ ဝန်ထမ်းများ အသီးသီးတက်ရောက်ခဲ့ကြပါ သည်။
အဆိုပါအခမ်းအနားတွင် မှော်ဘီမြို့နယ်လူမှုဖူလုံရေးရုံး၊ ရုံးခွဲတာဝန်ခံ ဒေါ်ဖြိုးဖြိုးနိုင်မှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး Coca-Cola Co.,Ltd မှ အာမခံအလုပ်သမားဒေါ်စုစုလွင်၏ မီးဖွားခွင့်နှင့်မီးဖွားစရိတ် ငွေကျပ် ၇၅၉,၀၀၀/-(ကျပ်ခုနှစ်သိန်းငါးသောင်းကိုးထောင်တိတိ) အား ခွင့်ပြုထုတ်ပေးခဲ့ရာ အကျိုးခံစားခွင့်ရရှိသူ ဒေါ်စုစုလွင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

mawbi