လူမှုဖူလုံရေးအဖွဲ့၏၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း

၁။      မွန်ပြည်နယ်၊ကျိုက်ထိုမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဘီလင်းမြို့၊ ကံကောင်းခြင်းရတနာ အထပ်သားစက်ရုံ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၅-၂-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ကျိုက်ထိုမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဘီလင်းမြို့၊ ကံကောင်းခြင်းရတနာအထပ်သားစက်ရုံမှ အာမခံအလုပ်သမားဒေါ်မိုးသင်းခိုင်၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု ၆၅% အတွက် အကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၄,၁၂၇,၇၆၀/-ကို ပြည်နယ်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်နီလာဆွေမှ ပေးအပ်ခဲ့ပြီး အာမခံအလုပ်သမား ဦးဝေယံထက်၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု ၃၀% အတွက် အကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်-၂,၅၄၀,၁၆၀/-ကို ဘီလင်းမြို့၊ ကံကောင်းခြင်းရတနာအထပ်သားစက်ရုံမှ အထွေထွေမန်နေဂျာ ဦးမျိုးသန့်မှ ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့် ရရှိသူများကိုယ်စား စက်ရုံမှဝန်ထမ်းရေးရာတာဝန်ခံ မန်နေဂျာမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၂။      စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ မုံရွာမြို့၊ အစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၆-၂-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မုံရွာမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာဝမ်ဘောင်မိုင်းနင်းကော့ပါးလီမိတက်မှ အာမခံအလုပ်သမား ဦးလှထွန်းဇော်၏ အလုပ်ခွင်ပြင်ပထိခိုက်မှုကြောင့် သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၁၀,၂၃၃,၀၀၀/-ကို ဦးလှထွန်းဇော်၏ ဇနီးဖြစ်သူဒေါ်ရီရီနွယ်အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဦးမြင့်ကြည်မှ လည်းကောင်း၊ မြန်မာဝမ်ဘောင်မှ အာမခံအလုပ်သမား(၅) ဦး၏ အကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်-၂,၆၆၉,၅၅၃/၂၇/-ကို Staff Officer ဦးခင်မောင်သန်းအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်မှ လည်းကောင်း၊ မြန်မာယန်စီကော့ပါးလီမိတက်မှ အာမခံအလုပ်သမား(၁၁) ဦး၏ အကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၂,၂၈၃,၁၁၉/၂၈/- ကို Payroll Supervisor ဒေါ်ခင်မာဝေအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်မှလည်းကောင်း၊ စီနိုဟိုက်ဒရိုကုမ္ပဏီမှအာမခံအလုပ်သမား(၁၆) ဦး၏ အကျိုးခံစားခွင့်ငွေလုံးငွေရင်းငွေကျပ်-၂,၀၈၉,၈၆၃/၀၆/-ကို HR Manager ဦးလှရွှေအား တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ၊ ဦးမိုးအောင်ခိုင်မှ လည်းကောင်း၊ ပေပေါက်အောက်ရှင်းကုမ္ပဏီမှအာမခံအလုပ်သမား(၄၉) ဦး၏အကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၁,၉၂၅,၃၉၇/၁၁/-ကို HR Manager ဦးအောင်ချိမ့်အား တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ  ဦးသန်းနိုင်ဦးမှလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများ ကိုယ်စား မြန်မာဝမ်ဘောင်ကုမ္ပဏီမှ အာမခံအလုပ်သမား ဦးထက်ဖြိုးအောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။