လူမှုဖူလုံရေးအဖွဲ့၏ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း

၁။ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၂၇-၂-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ပဲခူးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဝေါမြို့၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ အာမခံအလုပ်သမား ဦးညီညီအောင်၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် – ၅,၄၀၀,၀၀၀/- ကို ဦးညီညီအောင်၏ဇနီးဖြစ်သူ ဒေါ်ဝင်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ဦးညွန့်ရွှေမှ ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူကိုယ်စား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မိုးဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
၂။ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ လက်ပံတိုရေနံနှင့် သဘာဝဓါတ်ငွေ့မြေ ခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၈-၃-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ပခုက္ကူမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသော မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (ကျောက်ခွက်-လက်ပံတိုရေနံမြေ) မှ အာမခံ အလုပ်သမား ဦးသောင်းညွန့်၏ အလုပ်ခွင်ပြင်ပထိခိုက်မှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေလုံးငွေရင်းငွေကျပ် -၆,၄၈၀,၀၀၀/- ကို ဦးသောင်းညွန့်၏ဇနီးဖြစ်သူဒေါ်လှလှဝေ အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဝန်ကြီးဦးမြင့်ဆွေမှ ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများကိုယ်စား မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (ကျောက်ခွက်-လက်ပံတိုရေနံမြေ) မှ အထွေထွေမန်နေဂျာ ဦးသာတင့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။