၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပခဲ့ခြင်း

ရန်ကုန်မြို့၊ မတ် လ ၁၇ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၁၇-၃-၂၀၁၈ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်ကနောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးအဖွဲ့၊ တိုင်းဒေသကြီး တာဝန်ခံအရာရှိ၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်ကော်မတီအတွင်းရေးမှူး၊ ဖိတ် ကြားထားသော ဧည့်သည်တော်များ၊ အကျိုးခံစားခွင့်ရရှိသူများ၊ အကျိုးခံစားခွင့်ရရှိသူများ၏ မိသားစုဝင်များ၊ အာမခံအလုပ်ဌာနများမှ အလုပ်ရှင်နှင့်အလုပ်သမားများ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိမှ ၂၀၁၂ခုနှစ်၊ လူမှုဖူလုံ ရေးဥပဒေပါ သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခဲ့သည့် အာမခံအလုပ်သမား(၄)ဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၁၉,၉၈၀,၀၀၀ိ/- (တစ်ရာကိုးဆယ့်ကိုးသိန်းရှစ်သောင်းတိတိ)၊ အလုပ်တွင် ထိခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အာမခံအလုပ်သမား(၂)ဦးအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၃,၅၈၀,၉၂၀ိ/- (ကျပ်သုံးဆယ့်ငါးသိန်းရှစ်သောင်းကိုးရာ နှစ်ဆယ်တိတိ)၊ အာမခံအလုပ်သမား(၆)ဦးအတွက် ဆေးဖိုးကုန်ကျငွေ ပြန်လည်ထုတ်ပေးခြင်း ငွေကျပ် ၁၄,၀၀၄,၉၇၄ိ/- (ကျပ်တစ်ရာ့လေးဆယ်သိန်းလေးထောင်ကိုးရာခုနှစ်ဆယ်လေးကျပ် တိတိ) တို့အားအသီးသီး ထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများ၏ကိုယ်စား Myanmar Best Security Co.,Ltd ဦးစိုးမြင့်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ အခမ်းအနားကို နံနက်(၁၁:၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

အကျိုးခံစားခွင့်ရရှိသည့် အာမခံအလုပ်သမား (၁၂) ဦး၏အသေးစိတ် စာရင်း