၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း

လားရှိုးမြို့၊ မတ်လ ( ၂၆ )ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၂၆-၃-၂၀၁၈ ရက်နေ့ နံနက်( ၉:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဝန်ကြီးဌာနလက်အောက်ရှိ ခရိုင် တာဝန်ခံများ၊ အကျိုးခံစားခွင့်ရရှိသူများ၊ အကျိုးခံစားခွင့်ရရှိသူများ၏ မိသားစုဝင်များ၊ အာမခံ အလုပ်ဌာနများမှ အလုပ်ရှင်နှင့်အလုပ်သမားများ စုစုပေါင်း(၁၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားပြီး ခရိုင်လူမှုဖူလုံရေးရုံး၊ ခရိုင်တာဝန်ခံအရာရှိ ဦးသိန်းနွဲ့ဦးမှ ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာများနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပါသည်။ ဆက်လက်၍ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းမှ လားရှိုးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ရိုးမဘဏ်(၁)၊ အာမခံ အလုပ်သမား ဒေါ်စန္ဒာထွန်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် ၄,၂၀၀,၀၀၀ိ/- (ကျပ်လေးဆယ့်နှစ်သိန်းတိတိ)၊ လားရှိုးမြို့၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းမှ လားရှိုးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသော ရိုးမဘဏ်(၁)၊ အာမခံအလုပ်သမား ဒေါ်မော်မော်၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၃,၉၀၀,၀၀၀ိ/- (ကျပ်သုံးဆယ့်ကိုးသိန်း တိတိ)၊ လားရှိုးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ လားရှိုးခရိုင် တာဝန်ခံအရာရှိ၊ ဦးသိန်းနွဲ့ဦးမှ မူဆယ်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Muse Concrete Group Co.,Ltd မှ အာမခံအလုပ်သမား ဦးလှမင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်မစွမ်းမှု ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် ၄,၂၃၃,၆၀၀ိ/- (ကျပ်လေးဆယ့်နှစ်သိန်းသုံးသောင်း သုံးထောင်ခြောက်ရာကျပ်တိတိ)၊ လားရှိုးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသော မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အာမခံအလုပ်သမားဦးတင်ထွန်းအောင် ၏ဆေးဖိုးပြန်အမ်းငွေ ၁,၃၈၂,၇၀၀ိ/- (ကျပ်တစ်ဆယ့်သုံးသိန်းရှစ်သောင်းနှစ်ထောင်ခုနစ်ရာကျပ် တိတိ)၊ လားရှိုးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော AGD Bank မှ အာမခံအလုပ်သမား ဒေါ်နန်းယုယုသစ္စာမွန်၏ မီးဖွားမှုနှင့် မီးဖွားစရိတ်အကျိုးခံစားခွင့် ငွေကျပ် ၇၄၀,၄၆၆/- (ကျပ်ခုနှစ်သိန်းလေးသောင်းလေးရာခြောက်ဆယ့်ခြောက်တိတိ)တို့အား အသီးသီး ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများကိုယ်စား ရိုးမဘဏ်လီမိတက်၊ မန်နေဂျာဦးစိုင်းအောင်ပွင့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ အခမ်းအနားကို နံနက်(၁၁:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။