၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား (မန္တလေး)

မန္တလေးမြို့၊ ဇူလိုင်လ ၇ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ပေးခြင်း အခမ်းအနား ကို ၇-၇-၂၀၁၇ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) အာမခံဌာန၊ ညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီး တာဝန်ခံအရာရှိ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် အရာထမ်း၊ အမှုထမ်းများ၊ စက်ရုံအလုပ်ရုံများမှ အလုပ်ရှင်/အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ အာမခံဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်သန်းသန်းနုမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့မီးရထားပို့ဆောင်ရေးဌာမှ အာမခံအလုပ်သမား ဦးစောတင်ထူး၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက်ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၅,၄၂၆,၈၅၀ိ/- (ကျပ်ငါးဆယ့်လေးသိန်းနှစ်သောင်းခြောက်ထောင်ရှစ်ရာငါးဆယ်တိတိ) နှင့် TetLannCo,Ltd မှ အာမခံအလုပ်သမား ဦးချစ်ရဲကျော်၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ် ၂,၂၄၀,၀၀၀ိ/-(ကျပ်နှစ်ဆယ့်နှစ်သိန်း လေးသောင်းတိတိ) အား ခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများကိုယ်စား မြန်မာ့မီး ရထားပို့ဆောင်ရေးဌာန၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးအေးမောင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို(၁၅:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

mandalay(7-7-17)
မြန်မာ့မီးရထားပို့ဆောင်ရေးဌာနမှ အာမခံအလုပ်သမားဦးစောတင်ထူး၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ် ၅,၄၂၆,၈၅၀ိ/- အားလူမှုဖူလုံရေးရုံးချုပ်၊ အာမခံဌာန၊ ညွှန်ကြားရေးမှူးမှ ပေးအပ်စဉ်

mandalay(7-7-17)2
TetLann Concrete Co,Ltd မှ အာမခံအလုပ်သမားဦးချစ်ရဲကျော်၏ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၂,၂၄၀,၀၀၀ိ/- အား လူမှုဖူလုံရေးရုံးချုပ်၊ အာမခံဌာန၊ ညွှန်ကြားရေးမှူးမှ ပေးအပ်စဉ်