၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား။ မကွေးမြို့

မကွေးမြို့၊ ဇူလိုင်လ ( ၃ )ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းအခမ်းအနား ကို ၃-၇-၂၀၁၇ ရက်နေ့မွန်းလွဲ( ၁၃:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြို့နယ်ပြည်သူ့ ဝန်ဆောင်မှုရုံး(OSS)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့မကွေးတိုင်းဒေသ ကြီးအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးနေမျိုးကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အလုပ်ရှင်နှင့်အလုပ်သမားအဖွဲ့အစည်းများ၊ အကျုံး ဝင်အလုပ်ဌာနများမှ အာမခံအလုပ်သမားများနှင့် ထိခိုက်ဒဏ်ရာရရှိသည့် အကျိုးခံစားခွင့်ရရှိသူ မိသားစုဝင်များ စုစုပေါင်း (၇၈) ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးဦးနေမျိုးကျော်မှ အမှာစကားပြောကြားပြီး
magway

မကွေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်နွယ်နီက ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာများနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပါသည်။
magway2

ဆက်လက်၍ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်ရရှိသူ အာမခံအလုပ်သမားဦးကျော်ခိုင်ထွန်း အား ငွေလုံးငွေရင်းငွေကျပ် ၈,၆၈၀,၃၀၈.၄၈/- ၊
magway3

အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရရှိသူ အာမခံအလုပ်သမားဦးအောင်ဝင်းနိုင်အား ငွေကျပ် ၂,၈၃၅,၀၀၀/- နှင့်
magway4

အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရရှိသူ အာမခံအလုပ်သမား ဒေါ်ဝင်းမေရီအား ငွေကျပ် ၂,၄၃၇,၃၄၄/- တို့ကို အသီးသီးပေးအပ်ခဲ့ပါသည်။
magway5