၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား (လက်ပံတန်း)

လက်ပံတန်းမြို့၊ ဇွန်လ ( ၂၉ )ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းအခမ်းအနား ကို ၂၉-၆-၂၀၁၇ ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပဲခူး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊ A.E ဦးမြင့်စန်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လက်ပံတန်းမြို့နယ်လူမှုဖူလုံရေးရုံးနှင့် ဆေးခန်းမှ ရုံးခွဲတာဝန်ခံ၊ တာဝန်ခံဆရာဝန်နှင့် ဝန်ထမ်း များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးမျိုးအောင်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ လက်ပံတန်းမြို့နယ်လူမှုဖူလုံရေးရုံး၊ ရုံးခွဲတာဝန်ခံမှ ၂၀၁၂ ခုနှစ် လူမှုဖူလုံ ရေးအကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးသူ ဦးမြင့်ကြည်၏ဇနီး ဒေါ်သင်းသင်းလဲ့အား ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေကျပ် ၁,၈၀၀,၀၀ဝိ/- (ကျပ်-တစ်ဆယ့်ရှစ်သိန်းတိတိ/-) ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှ ခွင့်ပြုထုတ်ပေးခဲ့ရာ ကျန်ရစ်သူအကျိုးခံစားခွင့်ရရှိသူ ဒေါ်သင်းသင်းလဲ့ မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို (၁၅:၀၀) နာရီအချိန်တွင် ရုတ်သိမ်း ခဲ့ပါသည်။
Lapatan1