၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား

ထားဝယ်မြို့၊ ဇွန် လ ၂၀ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၀-၆-၂၀၁၈ ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်း အနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီးအဆင့် တာဝန်ခံအရာရှိများ၊ အရာထမ်း၊ အမှုထမ်းများ၊ အကျိုး ခံစားခွင့်ရရှိသူများနှင့် ၎င်းတို့၏မိသားစုဝင်များ စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ထားဝယ်မြို့၊ လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်နီလာအောင်မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပါအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တနင်္သာရီတိုင်း ဒေသကြီးအဆင့် တာဝန်ခံအရာရှိများမှ အာမခံအလုပ်သမား (၂၃) ဦးတို့၏ မကျန်းမာမှု၊ မီးဖွားမှု၊ ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှုနှင့် ဆေးဖိုးပြန်အမ်းငွေများ စုစုပေါင်း ငွေကျပ်- ၄,၂၃၉,၈၆၆.၂၅/- ကို အသီးသီးပေးအပ်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၁:၀၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

အကျိုးခံစားခွင့် ထုတ်ပေးမှုစာရင်းအပြည့်အစုံ.. (111)