၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား

ရန်ကုန်မြို့၊ ဇူလိုင် လ ၇ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၇-၇-၂၀၁၈ ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်လူမှုဖူလုံရေးဝင်း၊ (၄)ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်း အနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ လူမှုဖူလုံရေးအဖွဲ့၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ခရိုင်တာဝန်ခံအရာရှိများ၊ မြို့ နယ်တာဝန်ခံအရာရှိများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အရာထမ်း၊ အမှုထမ်းများ၊ အကျိုးခံစားခွင့်ရရှိသူများနှင့် ၎င်းတို့၏မိသားစုဝင်များ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပါ သည်။
အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ဒုတိယညွှန်ကြား ရေးမှူး ဦးစိန်သန်းမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသ ကြီး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ခရိုင်တာဝန်ခံအရာရှိများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) လူမှုဖူလုံရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးတာဝန်ခံ တို့မှ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးခဲ့သည့် အာမခံအလုပ်သမား(၄)ဦး၏ ကျန်ရစ်သူအကျိုး ခံစားခွင့် (ငွေလုံးငွေရင်း) ငွေကျပ် ၁၅,၈၄၀,၀၀၀/-၊ အလုပ်တွင်ထိခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အာမခံအလုပ်သမား(၈)ဦး၏ အမြဲတမ်းမသန်စွမ်းမှု (ငွေလုံးငွေရင်း) ငွေကျပ် ၂၂,၁၈၇,၇၀၉.၆၀/-၊ အာမခံအလုပ်သမား (၂) ဦး၏ မကျန်းမာမှုဆေးဖိုးပြန်အမ်း ငွေကျပ် ၅,၆၃၁,၇၃၀/- စုစုပေါင်း ၄၃,၆၅၉,၄၃၉/၆၀ ကျပ်တို့ကို အသီးသီးပေးအပ်ခဲ့ကြပြီး အကျိုးခံစားခွင့်ရရှိသူများ၏ကိုယ်စား Asia General Transformer Co.,Ltd ဦးအာကာအောင်ဆန်းမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားကို နံနက် (၁၁:၃၀) နာရီ အချိန်တွင် ရုတ်သိမ်း ခဲ့ပါသည်။
အကျိုးခံစားခွင့်ရရှိသည့်အာမခံအလုပ်သမား (၁၄) ဦး၏ အသေးစိတ်စာရင်း