၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း-(၇/၂၀၁၈) လအတွင်း

၁။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ ညောင်တုန်းရေနံဓါတ်ငွေ့လုပ်ငန်း အစည်းအဝေး ခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၁၃-၇-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့ရာ မအူပင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ညောင်တုန်းရေနံဓါတ်ငွေ့မှ အာမခံအလုပ်သမား ဒေါ်ခိုင်ခိုင်ဆွေ၏ မီးဖွားမှုနှင့်မီးဖွားစရိတ် အကျိုးခံစားခွင့် ငွေကျပ် -၅၀၂,၉၉၂.၆၈/-၊ ရွှေတောင်ကုမ္ပဏီ မှ အာမခံ အလုပ်သမား ဒေါ်မာမာချို၏ မီးဖွားမှုနှင့် မီးဖွားစရိတ်အကျိုးခံစားခွင့် ငွေကျပ် -၅၁၆,၆၆၀/- တို့အား အသီးသီးခွင့်ပြုထုတ်ပေးခဲ့ပါသည်။

၂။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား ကို ၂၅-၇-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် အမှတ်(၆)အထည်ခွဲစက်ရုံမှ အာမခံအလုပ်သမား ဦးဇင်မင်းဝင်း ၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ်- ၆,၀၀၈,၄၀၀/-၊ စီနိုဟိုက်ဒရိုကုမ္ပဏီမှ အာမခံအလုပ်သမား (၁၄၀)ဦး အတွက် အကျိုးခံစားခွင့် ငွေကျပ် – ၂,၆၅၈,၈၃၈.၂၈/-၊ မြန်မာယန်စီကော့ပါးလီမိတက်မှ အာမခံအလုပ် သမား (၂၁)ဦး အတွက် အကျိုးခံစားခွင့် ငွေကျပ် – ၂,၃၄၂,၀၉၈.၇၉/-၊ အသေးစားနှင့်အလတ်စားဖွံ့ဖြိုး မှုဘဏ်မှ အာမခံအလုပ်သမား ဒေါ်မိုးခင်၏ မီးဖွားမှုနှင့်မီးဖွားစရိတ် အကျိုးခံစားခွင့်ငွေကျပ် -၈၁၈,၀၀၀/- တို့အား အသီးသီးခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများကိုယ်စား အမှတ် (၆) အထည်စက်ရုံ အလုပ်သမားအဖွဲ့အစည်းဉက္ကဌ ဦးစောဝေထွန်းမှ ကျေးဇူးတင်စကား ပြန် လည်ပြောကြားခဲ့ပြီး၊ ဆက်လက်၍ စစ်ကိုင်းမြို့၊ Aha သောက်ရေသန့်နှင့် Sailling Dragon အရက်ပုလင်းသွတ်လုပ်ငန်းမှ အာမခံအလုပ်သမားဦးသန့်ဇင်ဝင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် – ၃,၄၆၅,၀၀၀/-အား ခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ၏ကိုယ်စား Aha သောက်ရေသန့် နှင့် Sailling Dragon အရက်ပုလင်းသွတ်စက်ရုံမှ ဦးချမ်းချမ်းမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။

၃။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မန်းသီတာ(၂) စားသောက်ဆိုင်ခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၃၁-၇-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် မန်းသီတာကျောက်တိုင်လုပ်ငန်းမှ အာမခံအလုပ်သမားဦးအောင်အောင် (ခ)ဦးတင်အောင်သန်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစား ခွင့် ငွေလုံးငွေရင်း ငွေကျပ်- ၁,၈၀၀,၀၀၀/- အား မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှ ခွင့်ပြုထုတ်ပေးခဲ့ပြီး၊ အကျိုးခံစားခွင့်ရရှိသူကိုယ်စား မန်းသီတာ ကျောက်တိုင်လုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

၄။ မွန်ပြည်နယ်၊ သထုံမြို့၊ မြန်မာ့မီးရထား၊ ဘူတာရုံရှိ အစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၁၀-၈-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်၊ သထုံမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသည့် မြန်မာ့မီးရထားမှ အာမခံအလုပ်သမား ဦးကျော်စွာဝင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ်- ၄,၅၅၂,၂၀၀/- အားခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ၏ကိုယ်စား သထုံမြို့၊ မြန်မာ့ မီးရထား၊ လမ်းဗိုလ်ကြီး ဦးဟန်သိန်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။