၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း

၁။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လမ်းမကြီးလမ်း၊ Community Centre ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၈-၂-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ စစ်တွေမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော GET ရေခဲစက်မှ အာမခံအလုပ်သမား ဦးထွန်းအေးမောင်၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှု အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၄,၃၂၀,၀၀၀/-ကို ဦးထွန်းအေးမောင်၏ဇနီး ဖြစ်သူ ဒေါ်ခင်မာလွင်အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးပုန်ဘွေမှ ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူကိုယ်စား GET ရေခဲစက်မှ တာဝန်ရှိသူ ဦးမောင်အေးသန်း မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၂။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ယောမင်းကြီးလမ်းနှင့် လမ်း ၇၀ ထောင့်ရှိ မြန်မာသပြေဖိနပ်စက်ရုံ အစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၁၄-၂-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံးခွဲ(၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ သပြေဖိနပ်စက်ရုံမှ အာမခံအလုပ်သမား ဦးထွန်းလင်းအောင်၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၄,၅၁၀,၉၅၀/-ကို ဦးထွန်းလင်းအောင်၏မိခင်ဖြစ်သူ ဒေါ်တင်ငြိမ်းအား စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဒုတိယ ဥက္ကဌ၊ ဦးညီညီဝင်းမှ ပေးအပ်ခဲ့ပြီး မြန်မာသပြေဖိနပ်စက်ရုံ မန်နေဂျာ ဦးဇော်ဇော်ထွန်းမှ ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၃။ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ အမှတ်(၁၀၁/၁၀၃) ပန်းတဉ်းဝန်ဦးရွှေဘင်လမ်း အရှေ့ ဒဂုံစက်မှုဇုံအတွင်းရှိ National Wood သစ်စက် အစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီအကျိုး ခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၁၈-၂-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း) ၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော National Wood သစ်စက်မှ အာမခံအလုပ်သမား မောင်ကောင်းမြတ်လင်း၏ အလုပ်တွင်ထိခိုက် မှုကြောင့် အမြဲတန်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် – ၂,၅၅၇,၈၀၀/-ကို အာမခံ အလုပ်သမား မောင်ကောင်းမြတ်လင်းအား ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြို့နယ်လူမှုဖူလုံရေးရုံးခွဲတာဝန်ခံ ဒေါ်ဆွေဆွေဦးမှ ခွင့်ပြုထုတ်ပေးခဲ့ပါသည်။