၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား

မန္တလေးမြို့၊ ဖေဖော်ဝါရီ လ ၂၃ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၂၃-၂-၂၀၁၈ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ အာမခံဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက အဖွင့်အမှာ စကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမြင့်က လူမှုဖူလုံရေးဥပဒေအကြောင်းသိကောင်းစရာများ ပြောကြားခဲ့ပါသည်။ ဆက်လက် ၍ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် စိန်မန်းမြေပီနံအိတ်စက်ရုံမှ အာမခံအလုပ်သမား ဦးဇော်ဇော်ဦး-၂ ၏ အလုပ်တွင်ထိခိုက်မှု ကြောင့် သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်းငွေကျပ် ၃,၀၀၂,၅၅၃/- (ကျပ်သိန်းသုံးဆယ်နှစ်ထောင့်ငါးရာ့ငါးဆယ့်သုံးတိတိ) အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကိုမှ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ် လူမှုဖူလုံရေးရုံး(ရုံးခွဲ-၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Sweety Home ပရိဘောဂလုပ်ငန်း မှ အာမခံအလုပ်သမား ဒေါ်အေးအေးမော်၏ အလုပ်တွင်ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးမှု အတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၁,၆၇၈,၃၂ဝိ/- (ကျပ်တစ်ဆယ့်ခြောက်သိန်းခုနှစ်သောင်းရှစ်ထောင်သုံးရာ့နှစ်ဆယ်တိတိ) အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဇော်မှ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ် လူမှုဖူလုံရေးရုံး(ရုံးခွဲ-၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ချမ်းအေးသာစံမြို့နယ်လျှပ်စစ်ရုံးမှ အာမခံအလုပ်သမား ဦးခင်မောင်ဇင်၏ အလုပ်တွင်ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးမှုအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၄,၀၁၀,၁၆ဝိ/- (ကျပ်သိန်းလေးဆယ် တစ်သောင်းတစ်ရာ့ခြောက်ဆယ်တိတိ) အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ချစ်ကိုကိုမှ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၃) တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် စိန်သံရည်ကျိုလုပ်ငန်းမှ အာမခံအလုပ်သမား ဦးမြတ်ထွန်း၏ အလုပ်တွင် ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးမှုအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၁,၄၁၁,၂၀ဝိ/- (ကျပ်တစ်ဆယ့်လေးသိန်း တစ်သောင်းတစ်ထောင့်နှစ်ရာတိတိ) အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်အောင်မှ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် AAA ဘိလပ် မြေစက်ရုံမှ အာမခံအလုပ်သမား ဦးအောင်မြင့်ဦး၏ အလုပ်တွင်ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံး မှုအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၉၈၇,၀၀ဝိ/- (ကျပ်ကိုးသိန်း ရှစ်သောင်းခုနှစ်ထောင်တိတိ) အား လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) အာမခံဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးမှလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေး ရုံး(ရုံးခွဲ-၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ဆင်ဖြူတော်ကွန်ကရစ်စက်ရုံမှ အာမခံ အလုပ်သမား ဦးမြင့်နိုင်၏ဆေးကုသမှုခံယူမှုအတွက် ဆေးဖိုးကုန်ကျငွေကျပ် ၁,၉၉၃,၉၇၁/- (ကျပ်တစ်ဆယ့်ကိုးသိန်း ကိုးသောင်းသုံးထောင့်ကိုးရာ ခုနှစ်ဆယ့်တစ်တိတိ) အား လူမှုဖူလုံရေး အဖွဲ့(ရုံးချုပ်) အာမခံဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်မာအေးမှလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူ လုံရေးရုံး(ရုံးခွဲ-၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Mandalay Hill Resort Hotel မှ အာမခံအလုပ်သမား ဒေါ်ခင်ဇင်လတ်၏ ဆေးကုသခံယူမှု အတွက် ဆေးဖိုးကုန်ကျငွေကျပ် ၁,၀၅၂,၃၅ဝိ/- (ကျပ်တစ်ဆယ်သိန်းငါးသောင်းနှစ်ထောင့်သုံးရာ့ ငါးဆယ်တိတိ) အား တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးလှမြင့်မှ လည်းကောင်းအသီးသီးပေးအပ်ခဲ့ကြပါသည်။ ထို့နောက် အကျိုးခံစားခွင့်ရရှိသူများ၏ ကိုယ်စား စိန်မန်းမြေပီနံအိတ်စက်ရုံမှ မန်နေဂျာ ဦးဝင်းလွင်စိုးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဖူလုံရေးရုံး ချုပ်၊ အာမခံဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို (၁၁:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။