၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား

ပြင်ဦးလွင်မြို့၊ ဖေဖော်ဝါရီလ ၂၁ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၂၁-၂-၂၀၁၈ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦး လွင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ အာမခံဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက အဖွင့်အမှာ စကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမြင့်က လူမှုဖူလုံရေးဥပဒေအကြောင်းသိကောင်းစရာများ ပြောကြားခဲ့ပါသည်။ ဆက်လက် ၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား သည့် ဘရိုက်တီးသတ္တုတွင်းမှ အာမခံအလုပ်သမား ဦးကျော့မောင်၏ အလုပ်တွင်ထိခိုက်မှု ကြောင့် သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်းငွေကျပ် ၆,၃၇၄,၃၆၂/၅ဝိ- (ကျပ်ခြောက်ဆယ့်သုံးသိန်းခုနှစ်သောင်းလေးထောင့်သုံးရာခြောက်ဆယ်နှစ်ငါး ဆယ်ပြားတိတိ)အား လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) အာမခံဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးမှ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ့မီးရထားဌာနမှ အာမခံအလုပ်သမား ဦးသိန်းနိုင်မင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၄,၀၀၆,၈၀ဝိ/- (ကျပ်သိန်းလေးဆယ့်ခြောက်ထောင်ရှစ်ရာတိတိ)အား တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှမြင့်မှလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ကမ္ဘောဇဘဏ်(၁)မှ အာမခံအလုပ်သမား ဒေါ်နှင်းခိုင်၏ မီးဖွားမှုအကျိုးခံစားခွင့် ငွေကျပ် ၈၃၆,၀၀ဝိ/- (ကျပ်ရှစ်သိန်းသုံးသောင်းခြောက်ထောင်တိတိ)အား မြို့နယ်လူမှုဖူလုံရေးရုံးခွဲ တာဝန်ခံ၊ ဦးစီးအရာရှိ ဒေါ်ယုယုမော်မှ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ရွှေစံအိမ်ဟိုတယ်မှ အာမခံအလုပ် သမား ဒေါ်နန္ဒာဝင်း၏ မီးဖွားမှုအကျိုးခံစားခွင့်ငွေကျပ် ၈၂၁,၀၀ဝိ/- (ကျပ်ရှစ်သိန်းနှစ်သောင်း တစ်ထောင်တိတိ)အား မြို့နယ်လူမှုဖူလုံရေးဆေးခန်းတာဝန်ခံ၊ ဒေါက်တာစိုးမင်းဦးမှ လည်း ကောင်း အသီးသီးပေးအပ်ခဲ့ကြပါသည်။ အကျိုးခံစားခွင့်ရရှိသူများ၏ကိုယ်စား ဘရိုက်တီး သတ္တုတွင်းဌာနမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးဝင်းသိန်းနှင့် မြန်မာ့မီးရထားဌာနမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးလွှမ်းသူတို့မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ အာမခံဌာနမှ ဒုတိယညွှန်ကြား ရေးမှူး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အရာ ထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို(၁၁:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ ပါကြောင်း သတင်းရရှိခဲ့ပါသည်။