၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း

၁။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး အဆောက်အဦ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၃-၁-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ အမရပူရမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Camusat Myanmar Co.,Ltd မှ အာမခံအလုပ်သမား ဦးကံလှိုင်ဝင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၄,၄၁၀,၀၀၀/-ကို ဦးကံလှိုင်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်မျိုးမျိုးအား မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံ အရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းဦးမှ ခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့် ရရှိသူကိုယ်စား Camusat Myanmar Co.,Ltd ၊ H.R မန်နေဂျာ ဒေါ်မေသက်ခိုင်မှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၂။ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၅-၁-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မိတ္ထီလာမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အမှတ်(၈) အထည်စက်ရုံ(ပျော်ဘွယ်) မှ အာမခံအလုပ်သမား ဦးထွန်းလင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် ညဘက်လက်ကောက်ဝတ်အထက်မှ ပြတ်ထွက်သွားပါသဖြင့် လုပ်အားဆုံးရှုံးမှုတန်ဖိုးဖြတ် ရာခိုင်နှုန်း ၇၀% အတွက် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ်- ၅,၅၅၆,၆၀၀/-ကို အာမခံအလုပ် သမား ဦးထွန်းလင်းအား မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီး တာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းဦးမှ ခွင့်ပြုထုတ် ပေးခဲ့ပါသည်။