၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား

မင်းဘူးမြို့၊ ဒီဇင်ဘာ လ ၂ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၂-၁၂-၂၀၁၇ ရက်နေ့ နံနက်( ၉:၃၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီး ဦးနေမျိုးကျော်၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီးအဆင့် တာဝန်ခံအရာရှိများ၊ အရာထမ်း၊ အမှုထမ်းများ၊ အကျိုးခံစားခွင့်ရရှိသူများ၊ အကျိုးခံစားခွင့်ရရှိ သူများ၏မိသားစုဝင်များ၊ အာမခံအလုပ်ဌာနများမှ အလုပ်ရှင်နှင့်အလုပ်သမားများ စုစုပေါင်း (၇၀) ဦး ခန့်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးဦးနေမျိုးကျော်မှ အဖွင့်အမှာစကားပြောကြားပြီး မကွေး တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်အိအိသွယ်မှ ၂၀၁၂ခုနှစ် လူမှုဖူ လုံရေးဥပဒေပါ သိကောင်းစရာများနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ ရေနံနှင့် သဘာဝဓါတ်ငွေ့စက်ရုံမှ အာမခံအလုပ်သမား ဦးသန်းမောင်၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် ၅,၈၅၀,၀၀၀ိ/- (ကျပ်ငါးဆယ့်ရှစ်သိန်းငါးသောင်းတိတိ)၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူး မြို့၊ ရေနံဓါတုဗေဒစက်ရုံ(သံပုရာကန်)မှ အာမခံအလုပ်သမားဦးမြင့်သန်း(၂)၏ အလုပ်တွင်ထိခိုက် မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် ၅,၄၀၀, ၀၀၀ိ/- (ကျပ်ငါးဆယ့် လေးသိန်းတိတိ)၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မန်းရေနံမြေစက်ရုံမှ အာမခံအလုပ်သမား ဦးဇော်ဝင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု ငွေလုံးငွေရင်းအကျိုးခံစားခွင့် ငွေကျပ် ၄,၈၅၁, ၀၀၀ိ/- (ကျပ်လေးဆယ့်ရှစ်သိန်းငါးသောင်းတစ်ထောင်တိတိ) မကွေးတိုင်းဒေသ ကြီး၊ မကွေးမြို့ တိုင်းလျှပ်စစ်ဌာနမှ အာမခံအလုပ်သမား ဦးမျိုးဇော်၏ နှလုံးခွဲစိတ်ကုသမှုအတွက် ဆေးဖိုးကုန်ကျငွေ ကျပ် ၂,၀၀၀,၀၀၀ိ/- (ကျပ်သိန်းနှစ်ဆယ်တိတိ) တို့အား အသီးသီးပေးအပ်ခဲ့ ပါသည်။ အခမ်းအနားကို နံနက် (၁၁:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။