၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပခဲ့ခြင်း၊ ဟင်္သာတမြို့

ဒီဇင်ဘာ လ ၇ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၇-၁၂-၂၀၁၇ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်လှလှထွေး၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး တာဝန်ခံအရာရှိများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အကျိုးခံစားခွင့် ရရှိသူ၊ အကျိုးခံစားခွင့်ရရှိသူ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်လှလှထွေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ Green World စက်သုံးဆီအရောင်းဆိုင်မှ အာမခံအလုပ်သမား မောင်စိုင်းဝေလွင်၏ အလုပ်တွင်ထိခိုက်ဒဏ်ရာရရှိမှုကြောင့် သေဆုံးမှု အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၁,၅၀၀,၀၀၀ိ/- (ကျပ်တစ်ဆယ့်ငါးသိန်း တိတိ)အား ခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ အာမခံအလုပ်သမား မောင်စိုင်းဝေလွင် ၏ ဖခင်ဖြစ်သူ ဦးအေးလွင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ အခမ်းအနား ကို(၁၅:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။