၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပခဲ့ခြင်း၊ ရန်ကုန်မြို့

ရန်ကုန်တိုင်းဒေသကြီး၊ ဒီဇင်ဘာ လ ၉ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၉-၁၂-၂၀၁၇ ရက်နေ့ နံနက်(၁ဝ:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ လူမှုဖူလုံရေး ဝင်းအတွင်းရှိ လေးထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး၊ လူမှုဖူလုံရေးအဖွဲ့၊ အာမခံဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနု၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီးတာဝန်ခံ အရာရှိ၊ ခရိုင်တာဝန်ခံအရာရှိများ၊ မြို့နယ်ရုံးခွဲတာဝန်ခံများ၊ တာဝန်ခံဆရာဝန်များ၊ ဒုတိယဦးစီး မှူးများ၊ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ အလုပ်ရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးမှ အမှာစကားပြောကြားခဲ့ပါ သည်။ ဆက်လက်၍ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့သည့် အလုပ်သမား(၅)ဦး အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ၁၈,၆၂၀,၆၄၆.၄၅ ကျပ်၊ အလုပ်တွင်ထိခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အာမခံအလုပ်သမား(၇)ဦး အတွက် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ငွေလုံးငွေရင်း ၁၇,၉၆၄,၈၇ဝကျပ် နှင့် ဆေးဘိုးကုန်ကျမှုပြန်အမ်းငွေ(၅)ဦး အတွက် ၉,၆၉၉,၅၀ဝ ကျပ်၊ စုစုပေါင်း ၄၆,၂၈၅,၀၁၆.၄၅ ကျပ်အား ခွင့်ပြုထုတ်ပေးခဲ့ပြီး၊ အကျိုးခံစားခွင့် ရရှိသူများ၏ကိုယ်စား အင်ဂျင်နီယာမှူး ဦးဇော်မိုးအေး (မြန်မာ့မီးရထား)မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ ခွင့်ပြုထုတ်ပေးခဲ့သည့် အကျိုးခံစားခွင့်များ

စဉ် အာမခံ အလုပ်သမား အမည် အလုပ်ဌာန အမည် အကျိုး ခံစားခွင့် အကျိုး ခံစားခွင့်ငွေ
ဦးဇော်နိုင် မြန်မာ့မီးရထား ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် နာရေးစရိတ် ၄,၄၀၂,၃၅၀
ဦးရဲကျော်သူ Yangon Metal Industry Co.,Ltd ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် နာရေးစရိတ် ၃,၅၉၃,၇၀၀
ဦးသက်ကို Yangon Crown ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် နာရေးစရိတ် ၃,၅၈၂,၃၆၀
ဒေါ်သဇင်ဦး Shinsung Tongsong Interntaional Co.,Ltd ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် နာရေးစရိတ် ၃,၆၇၀,၄၇၆.၄၅
ဦးစိုးဝေလင်း Textile Palace Co.,Ltd ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် နာရေးစရိတ် ၃,၃၇၁,၇၆၀
ဦးလမင်းထွန်း Pasco C & C အမြဲတမ်းမသန်မစွမ်းမှု ပင်စင်ငွေလုံးငွေရင်း (အလုပ်ရှင်မှ ပေးလျော်ရန်) ၃,၈၁၀,၂၄၀
ဦးပြုံးချို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အမြဲတမ်းမသန်မစွမ်းမှု ပင်စင်ငွေလုံးငွေရင်း ၂,၅၄၀,၁၆၀
ဦးအောင်ဇော်ထက် Shwe Me Co.,Ltd အမြဲတမ်းမသန်မစွမ်းမှု ပင်စင်ငွေလုံးငွေရင်း ၂,၀၄၇,၅၀၀
ဦးထွေးကိုကို CMF Myanmar Co.,Ltd အမြဲတမ်းမသန်မစွမ်းမှု ပင်စင်ငွေလုံးငွေရင်း ၁,၅၆၈,၄၉၀
၁၀ ဦးနေမျိုး ဦးထွန်းလွင် ပလာစတာ ဘုတ်၊ မျက်နှာကျက် လုပ်ငန်း အမြဲတမ်းမသန်မစွမ်းမှု ပင်စင်ငွေလုံးငွေရင်း ၂,၀၆၃,၈၈၀
၁၁ ဦးစိုင်းမြတ်သူ ပလပ်စတစ်ကော်ဟောင်း စက်ရုံ အမြဲတမ်းမသန်မစွမ်းမှု ပင်စင်ငွေလုံးငွေရင်း ၂,၉၇၁,၀၈၀
၁၂ ဦးကျော်ဇင်လင်း Mila Garden စက်ရုံ အမြဲတမ်းမသန်မစွမ်းမှု ပင်စင်ငွေလုံးငွေရင်း ၂,၉၆၃,၅၂၀
၁၃ ဦးခင်မောင်လေး Myanmar Precious Co.,Ltd ဆေးဘိုးကုန်ကျစရိတ် ခွင့်ပြုခြင်း ၂,၀၀၀,၀၀၀
၁၄ ဦးတင်ထွန်းဦး The First Auto motive ဆေးဘိုးကုန်ကျစရိတ် ခွင့်ပြုခြင်း ၂,၀၀၀,၀၀၀
၁၅ ဦးဒီဘရန်ဆိုင်း မြ၀တီစိုက်ပျိုးရေး လုပ်ငန်း ဆေးဘိုးကုန်ကျစရိတ် ခွင့်ပြုခြင်း ၂,၀၀၀,၀၀၀
၁၆ ဦးထွန်းစိန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံဖြိုးရေးဘဏ် ဆေးဘိုးကုန်ကျစရိတ် ခွင့်ပြုခြင်း ၂,၀၀၀,၀၀၀
၁၇ ဒေါ်ဝါဝါဖြိုး မြန်မာ့ရှေ့ဆောင်ဘဏ် ဆေးဘိုးကုန်ကျစရိတ် ခွင့်ပြုခြင်း ၁,၆၉၉,၅၀၀