၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း၊ ထားဝယ်မြို့

ထားဝယ်မြို့၊ ဒီဇင်ဘာ လ ၇ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၇-၁၂-၂၀၁၇ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လက်အောက်ရှိဦးစီးဌာနများမှ တိုင်းဒေသကြီးအဆင့် တာဝန်ခံအရာရှိများ၊ အရာထမ်း အမှုထမ်း များ၊ အကျိုးခံစားခွင့်ရရှိသူများနှင့် ၎င်းတို့၏မိသားစုဝင်များ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ ပါသည်။
အဆိုပါအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဖြိုးဝင်းထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တာဝန်ခံအရာရှိ ဒေါ်နီလာအောင်မှ လူမှုဖူလုံရေးအကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အကျုံးဝင်နယ်မြေအတွင်းရှိ အလုပ်ဌာန (၅) ဌာနမှ အာမခံအလုပ်သမား (၆) ဦး၏ ငွေကြေးအကျိုးခံစားခွင့် ငွေကျပ်- ၃,၈၆၅,၅၂၃ိ.၃၂ါး (ကျပ်သုံးဆယ့်ရှစ်သိန်းခြောက် သောင်းငါးထောင်ငါးရာနှစ်ဆယ့်သုံးနှင့်သုံးဆယ့်နှစ်ပြား)တိတိတို့အား အသီးသီးပေးအပ်ခဲ့ကြ ပါသည်။ အခမ်းအနားကို နံနက်(၁၀:၃၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ ခွင့်ပြုထုတ်ပေးခဲ့သည့် အကျိုးခံစားခွင့်ရရှိသူများ

စဉ်   ရရှိသူအမည်            အလုပ်ဌာန              အကျိုးခံစားခွင့်အမျိုးအစား           အကျိုးခံစားခွင့်ငွေ
၁     ဦးစိုးပိုင်	     တော်ဝင်အောင်ချမ်းCo;ltd       အမြဲတန်းမသန်စွမ်းမှု                ၂၄၂၅၅ဝဝ/-
၂     ဦးတင့်နိုင်           Delco Co;ltd      အာမခံအလုပ်သမားများ၏အကျိုးခံစားခွင့်များ     ၇၉၈၁၅၆.၉၁
   (အလုပ်ရှင်ကိုယ်စားလှယ်)
၃   ဒေါ်ခင်မျိုးသူ           အလှသစ်ရှော့ပင်းစင်တာ      မီးဖွားမှုအကျိုးခံစားခွင့်               ၁၈၅၂၆၆.၃၆
၄   ဦးထွန်းလင်းကျော်        Tranlink Co;ltd          ယာယီမသန်စွမ်းမှု                 ၁၃၆၀၈၀/-
၅   ဦးပြည့်စုံဖြိုး             Tranlink Co;ltd          ယာယီမသန်စွမ်းမှု                 ၁၄၁၁၂၀/-
၆   ဦးဝေလွင်ဖြိုး          AA Medical Product  ဖခင်ဘဝဖြစ်ခွင့်နှင့်ဇနီးဖြစ်သူမီးဖွားစရိတ်       ၁၇၉၄၀၀.၀၅