၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား။ ပဲခူးမြို့

ပဲခူးမြို့၊ ဇူလိုင်လ (၂၁) ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၂၁-၇-၂၀၁၇ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် Karisma Apparel အထည်ချုပ် စက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်သမားရေးရာ၊ မင်းလှမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ တိုင်းဒေသကြီး တာဝန်ခံအရာရှိ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း တာဝန်ခံဆရာဝန်၊ ဦးစီးအရာရှိ များ၊ ဒုတိယဦးစီးမှူး၊ Karisma Apparel အထည်ချုပ်စက်ရုံမှ HR Manager၊ အရာထမ်း များ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကိုကိုမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ Karisma Apparel အထည် ချုပ်စက်ရုံမှ အာမခံအလုပ်သမား မနေခြည်လင်းဟိန်း၏ နှလုံးခွဲစိတ် ကုသမှုအတွက် ဆေးဘိုး စိုက်ထုတ်ကုန်ကျငွေကျပ် ၂,၀၀၀,၀၀၀ိ/-( ကျပ်သိန်းနှစ်ဆယ်တိတိ )အား ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်သမားရေးရာ၊ မင်းလှမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်အောင်မှ ခွင့်ပြုထုတ်ပေးခဲ့ပြီး မြို့နယ်လူမှုဖူလုံရေးဆေးခန်း တာဝန်ခံ ဆရာဝန် ဒေါက်တာကောင်းခန့်ဝေမှ ဆေးကုသမှုနှင့် အသိပညာပေးအကြောင်းကို ဟောပြော ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ်မှ လူမှုဖူလုံရေးရပိုင်ခွင့်များအား ရှင်းပြောကြားပြီး Karisma Apparel အထည် ချုပ်စက်ရုံမှ HR Manager ဦးထွန်းဇော်မြင့်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

bago1