၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကျင်းပခဲ့ခြင်း (ပဲခူးမြို့)

ပဲခူးမြို့၊ ဇွန်လ ၂၀ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၂၀-၆-၂၀၁၇ ရက်နေ့နံနက်(၉:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးအဖွဲ့၊ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေမှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေမှ အဖွင့်အမှာစကား ပြောကြားနေစဉ်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေမှ အဖွင့်အမှာစကား ပြောကြားနေစဉ်

ဆက်လက်၍ ပဲခူးမြိုနယ်လူမှုဖူလုံရေးရုံးခွဲမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ်မှ လူမှုဖူလုံ ရေးရပိုင်ခွင့်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာနမှ အာမခံ အလုပ်သမား ဒေါ်နွယ်နီတင်၏ တင်ပါးဆုံရိုးအစားထိုးကုသမှုအတွက် ဆေးဘိုးပြန်အမ်းငွေကျပ် ၄,၄၀၀,၀၀၀/-(ကျပ်လေးဆယ့်လေးသိန်းတိတိ)၊
bago-insur-၁

ကမ္ဘောဇဘဏ်(၂)မှ အာမခံအလုပ်သမား ဒေါ်မေသူကျော်၏ မီးဖွားမှု၊ မီးဖွားစရိတ်၊ မမာမကျန်းခွင့်တို့အတွက် ငွေကျပ် ၉၉၂,၀၀၀/- (ကျပ်ကိုးသိန်းကိုးသောင်းနှစ်ထောင်တိတိ)၊
bago-insur-2

Max Highway Co.Ltd; မှ ကွယ်လွန်သူ အာမခံ အလုပ်သမား ဦးဌေးအောင်၏ နာရေးစရိတ်ငွေကျပ် ၆၂၇,၀၀၀/- (ကျပ်ခြောက်သိန်း နှစ်သောင်း ခုနှစ်ထောင်တိတိ)၊
bago-insur-3

မြန်စတားအထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဦးအောင်မြင့်ဆွေ၏ ညာဘက်၏ဒူးခေါင်းရိုးအစားထိုးကုသမှုအတွက် ဆေးဘိုးပြန်အမ်း ငွေကျပ် ၅၆၀,၀၀၀/-(ကျပ်ငါး သိန်း ခြောက်သောင်းတိတိ)၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးချစ်ကိုကို၏ပေါင်ရိုးတွင်စတီးရိုးအစားထိုးကုသမှုအတွက် ဆေးဘိုးပြန်အမ်းငွေကျပ် ၃၀၀,၀၀၀/-(ကျပ်သုံးသိန်းတိတိ)၊ Max Energy ဆီဆိုင်မှ အာမခံအလုပ်သမား ဦးသူရဝင်း၏ ဆေးဘိုး ပြန်အမ်း ငွေကျပ် ၁၀၈,၀၀၀/-(ကျပ်တစ်သိန်းရှစ်ထောင်တိတိ)နှင့် အမှတ်(၉၀)သစ်စက်မှ အာမခံ အလုပ်သမား ဦးကျော်ရွှေ၏ ဆေးဘိုးပြန်အမ်းငွေကျပ် ၁၄၅,၀၀၀/- (ကျပ်တစ်သိန်း လေးသောင်း ငါးထောင်တိတိ)အား ခွင့်ပြုထုတ်ပေးခဲ့ပြီး စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာနမှ အာမခံ အလုပ်သမား ဒေါ်နွယ်နီတင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ၊ မိတ်ဖက်ဌာနများမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက်(၁၁:၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။