၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား (ရန်ကုန်မြို့)

ရန်ကုန်မြို့၊ မတ် လ ၃၁ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၃၁-၃-၂၀၁၈ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် လူမှုဖူလုံရေးဝင်း၊ (၄)ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်း အနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ လူမှုဖူလုံရေးအဖွဲ့၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) လူမှုဖူလုံရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးတာဝန်ခံ၊ ခရိုင် တာဝန်ခံများ၊ မြို့နယ်တာဝန်ခံများ၊ မြို့နယ်တာဝန်ခံဆရာဝန်များ၊ ဒုတိယဦးစီးမှူးများ၊ ဖိတ် ကြားထားသော ဧည့်သည်တော်များ၊ အကျိုးခံစားခွင့်ရရှိသူများ၊ အကျိုးခံစားခွင့်ရရှိသူများ၏ မိသားစုဝင်များ၊ အာမခံအလုပ်ဌာနများမှ အလုပ်ရှင်နှင့်အလုပ်သမားများ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိမှ အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး ရုံးခွဲ(၅)တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Prime Metal Co.,Ltd မှ အာမခံအလုပ်သမား ဦးချစ်ကိုကို၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် နာရေးစရိတ် ငွေလုံးငွေရင်း ငွေကျပ် ၈,၆၀၆,၀၂၄/- (ကျပ်ရှစ်ဆယ့်ခြောက်သိန်းခြောက်ထောင်နှစ်ဆယ့်လေး)၊ မြို့နယ်လူမှုဖူလုံရေးရုံး ရုံးခွဲ(၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Ace cook Myanmar Co.,Ltd မှ အာမခံအလုပ်သမား ဦးစောငြိမ်းအေး၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်း အတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် နာရေးစရိတ် ငွေလုံးငွေရင်းငွေကျပ် ၄,၀၃၇,၈၀၀ိ/- (ကျပ်သိန်းလေးဆယ်သုံးသောင်းခုနှစ်ထောင်ရှစ်ရာတိတိ) တို့အားအသီးသီးထုတ်ပေးခဲ့ပါသည်။ ထို့နောက် အကျိုးခံစားခွင့်ရရှိသူများ ကိုယ်စား Ace cook Myanmar Co.,Ltd အလုပ်ဌာန ကိုယ်စားလှယ် ဒေါ်အိအိသော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။