၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား၊ တောင်ငူမြို့

တောင်ငူမြို့၊ ဇူလိုင်လ ( ၁၄ )ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ပေးခြင်း အခမ်းအနား ကို ၁၄-၇-၂၀၁၇ ရက်နေ့နံနက် (၁၀:၃၀) နာရီအချိန်တွင် ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြို့နယ် လူမှုဖူလုံရေးခန်းမ၌ ကျင်းပခဲ့ရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြူကြူဝင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူရိန် ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ တောင်ငူရုံးနှင့်ဆေးခန်းမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တောင်ငူမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ ဦးစီးအရာရှိဒေါ်တင်တင်အေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရွှေသဇင်ကုမ္ပဏီလီမိတက်မှ အာမခံအလုပ် သမားဦးစောဆဲလ်ဝင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစား ခွင့်ငွေကျပ် ၂၁၀၀၀၀၀/- (ကျပ်နှစ်ဆယ့်တစ်သိန်းတိတိ)အား ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ အကျိုး ခံစားခွင့်ရရှိသူ သေဆုံးသူ၏ဇနီး ဒေါ်ခင်မြင့်ဥ္ဇူအောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို နေ့လည်(၁၂:၀၀) အချိန်တွင်ရုတ်သိမ်းခဲ့ပါသည်။

Taunggu