၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား

မန္တလေးမြို့၊ ဇွန် လ ၂၂ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၂၂-၆-၂၀၁၈ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား သို့ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကို၊ မန္တလေးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အရာထမ်း၊ အမှုထမ်းများ၊ အကျိုးခံစားခွင့်ရရှိသူများ၊ အကျိုးခံစားခွင့်ရရှိ သူများ၏မိသားစုဝင်များ၊ အာမခံအလုပ်ဌာနများမှ အလုပ်ရှင်နှင့်အလုပ်သမားများ တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ သိကောင်းစရာများအား ရှင်းလင်းပြောကြား ခဲ့ပါသည်။ ဆက်လက်၍ ကျောက်ဆည်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသော လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုဌာနမှ အာမခံအလုပ်သမား ဦးထွန်းပိုင်၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် နာရေးစရိတ် ငွေလုံးငွေရင်း ငွေကျပ် -၅,၈၁၉,၄၀၀/- ကို မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကိုမှလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော AAA ဘိလပ်မြေ စက်ရုံမှ အာမခံအလုပ်သမား ဦးမြင့်သိန်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် နာရေးစရိတ် ငွေလုံးငွေရင်း ငွေကျပ် -၄,၀၂၆,၀၀၀/-၊ မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး (ရုံးခွဲ-၃) တွင် အကျုံးဝင်မှတ်ပုံတင်ထား သော လပ်ကီးသံနန်းဆွဲလုပ်ငန်းမှ အာမခံအလုပ်သမား ဦးသန်းဇော်၏ အလုပ်တွင်ထိခိုက်မှု ကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် နာရေးစရိတ် ငွေလုံးငွေရင်း ငွေကျပ် -၃,၄၅၆,၀၀၀/- တို့ကို မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးလှမြင့်မှလည်းကောင်း စုစုပေါင်းကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ် ၁၃,၃၀၁,၄၀၀/- ကို အသီးသီးထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ များ၏ကိုယ်စား လပ်ကီး သံနန်းဆွဲလုပ်ငန်းမှ မန်နေဂျာဦးဝင်းဇော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်း အနားကို နံနက်(၁၁:၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။