၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း

နေပြည်တော်၊ ဧပြီ လ ၁၀ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ သည် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၁၀-၄-၂၀၁၇ ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် နေပြည်တော်၊ ဘူတာကြီးရှိ ဘဝသံသရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူး၊ ဒေါ်သန်းသန်းနုမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ နေပြည်တော်၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့ မီးရထား(စစ်ဆေးရေးဌာန)မှ အာမခံအလုပ်သမား ဦးစိုးဝင်းသည် (၂၇-၁၀-၂၀၁၆) ရက်နေ့တွင် လုပ်ငန်းစစ်ဆေးပြီး ဆိုင်ကယ်ဖြင့် နေအိမ်သို့အပြန်လမ်းတွင် ဆိုင်ကယ်တိမ်းမှောက် သေဆုံးခဲ့ ခြင်းအတွက် နာရေးစရိတ် ကျပ် ၇၆၁,၆၀ဝိ/- နှင့် အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ကျပ် ၈,၄၀၀,၀၀ဝိ/- စုစုပေါင်းကျပ် ၉,၁၆၁,၆၀ဝိ/- ( ကျပ် ကိုးဆယ့် တစ်သိန်းခြောက်သောင်းတစ်ထောင်ခြောက်ရာတိတိ) အား ခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့် ရရှိသူကိုယ်စား မြန်မာ့မီးရထား(စစ်ဆေးရေးဌာန)မှ အထွေထွေမန်နေဂျာ ဦးဘမြင့်မှ ကျေးဇူး တင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

Insurance(4-17)၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားတွင် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုမှ အမှာစကားပြောကြားနေစဉ်

Insurance(4-17)(2)
နေပြည်တော်၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထား၊ (စစ်ဆေးရေးဌာန)မှ အာမခံအလုပ်သမား ဦးစိုးဝင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှု အတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၉,၁၆၁,၆၀ဝိ/- အား လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးမှ ပေးအပ်စဉ်