၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားများ ကျင်းပခဲ့ခြင်း

၁။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ပလိပ်လျှပ်စစ်မန်နေဂျာရုံးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၁-၄-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ပလိပ်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ အာမခံအလုပ်သမား ဦးကျော်ကိုကို၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် နာရေးစရိတ်နှင့်ကျန်ရစ်သူအကျိုး ခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၄,၅၈၃,၅၂၀/-ကို ဦးကျော်ကိုကို၏ ဇနီးဒေါ်ဝင်းမာအားလည်း ကောင်း၊ MC Jalux Airport Services Co.,Ltd မှ အာမခံအလုပ်သမား ဦးကျော်ဝင်း၏ အလုပ်တွင် ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် နာရေးစရိတ်နှင့်ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေ ကျပ်- ၉,၉၉၉,၀၀၀/- ကို အာမခံအလုပ်သမား ဦးကျော်ဝင်း၏ ဇနီးဒေါ်စန္ဒာအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်နှင်းနှင်းဦးမှပေးအပ်ခဲ့ပြီး၊ အကျိုးခံစားခွင့်ရရှိသူများ ကိုယ်စား New Ever Light တာဝန်ခံဦးဇေယျာဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ပါသည်။

၂။ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရှမ်းရွှေတောင်လက်ဖက်စက်ရုံရှိ အစည်း အဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၃-၄-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသော ရှမ်းရွှေတောင်လက်ဖက် စက်ရုံမှ အာမခံအလုပ်သမား ဦးဝေလင်းအောင်၏ လုပ်အားဆုံးရှုံးမှု ၆၆% အတွက် (၇)နှစ်စာ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၃,၁၅၃,၁၅၀/-ကို ဦးဝေလင်းအောင် အား စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဒု-ဥက္ကဌ ဦးနေဝင်းမှ လည်းကောင်း၊ အာမခံအလုပ်သမား ဒေါ်ယွန်းယွန်း၏ နှလုံးအပေါက်ဖာခွဲစိတ်ကုသမှုခံယူခြင်းအတွက် ဆေးဘိုးစိုက်ထုတ်ကုန်ကျငွေ ကျပ်- ၂,၄၀၀,၀၀၀/- ကို အာမခံအလုပ်သမားဒေါ်ယွန်းယွန်းအား စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးမှလည်းကောင်း ပေးအပ်ခဲ့ပြီး၊ အကျိုးခံစားခွင့်ရရှိသူများကိုယ်စား ရှမ်းရွှေတောင်လက်ဖက်စက်ရုံ Senior HR Manager ဦးသန့်ဇင်ဖြိုးမှ ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့ပါသည်။

၃။ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)အစည်း အဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၁၀-၄-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အထက်မင်းလှမြို့နယ်၊ ရေနံဓာတုဗေဒစက်ရုံ စု(သံပုရာကန်)မှ အာမခံအလုပ်သမားဦးညွန့်ဝေ၏ အလုပ်ခွင်ပြင်ပထိခိုက်ဒဏ်ရာရရှိခြင်းအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၄,၈၉၉,၅၁၀/-ကို ဦးညွန့်ဝေအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဦးမြင့်ဆွေမှ ပေးအပ်ခဲ့ပါသည်။