လူမှုဖူလုံရေးအဖွဲ့၏ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း

၁။ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အမှတ် ၁၅ စက်မှုလယ်ယာစခန်း၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၄-၅-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ဟင်္သာတမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အမှတ် (၁၅) စက်မှုလယ်ယာစခန်းမှ အာမခံအလုပ်သမား ဦးသန့်ဇင်အောင်၏ အလုပ်တွင်ထိခိုက်မှု ကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် – ၄ , ၈၆၀ , ၀၀၀/- ကို အာမခံအလုပ်သမား ဦးသန့်ဇင်အောင်၏ ဇနီးဖြစ်သူ ဒေါ်မေကြည်ဦးအား ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လွင်လွင်မြင့်မှ ပေးအပ်ခဲ့ပါသည်။

၂။       ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ​​ဝေး ခန်းမ၌ ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနား ကို ၁၇-၆-၂၀၁၉ ရက်နေ့တွင်ကျင်းပခဲ့ရာ ပဲခူးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသော သစ်ထုတ်လုပ်ရေးယာဉ်ယန္တရားနယ်မှ အာမခံအလုပ်သမား ဦးတင်ဦး၏ အလုပ်တွင်ထိ ခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၅,၉၄၀,၀၀၀/- နှင့် အာမခံအလုပ်သမား(၁၀)ဉီး၏ ငွေကြေးအကျိုးခံစားခွင့် ငွေကျပ် ၁,၉၇၉,၉၁၆.၁၄/- ၊ စုစုပေါင်း ငွေကျပ် ၇,၉၁၉,၉၁၆.၁၄/- အား ခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများကိုယ်စား သစ်ထုတ် လုပ်ရေးယာဉ်ယန္တရားနယ်၊ လက်ထောက်မန်နေဂျာ ဦးအောင်နိုင်ဉီးမှ ကျေးဇူးတင်စကားပြောကြား ခဲ့ပါသည်။ (အကျိုးခံစားခွင့်ဇယားပူးတွဲလျက်)

၃။      စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့၊ မိုးကြိုးဆာလ်ဖျူရစ်အက်စစ်စက်ရုံ အစည်းအဝေး ခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၂၁-၆-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မုံရွာမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော ဆားလင်းကြီးမြို့နယ် မိုးကြိုးဆာလ်ဖျူရစ်အက်စစ်စက်ရုံမှ အာမခံအလုပ်သမား ဦးဇော်ဝင်း၏အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် နာရေးစရိတ်နှင့်ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၆,၁၂၀,၀၀၀/- ကို အာမခံအလုပ်သမား ဦးဇော်ဝင်း၏တူမဖြစ်သူ မသန္တာအောင်အား စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံ အရာရှိ ဦးသန်းနိုင်ဉီးမှ ပေးအပ်ခဲ့ပါသည်။

၄။      မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ ရေနံအထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၅-၆-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ရေနံချောင်းမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံ တင်ထားသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ အာမခံအလုပ်သမား ဦးရွှေသိုင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၂,၀၇၉,၀၀၀/- ကို မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံ အရာရှိမှ ဒေါ်အိအိသွယ်မှ ပေးအပ်ခဲ့ပါသည်။

၅။      မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အမှတ်(၂)ရေနံရိပ်သာ အစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၅-၆-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ချောက်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Gold Petrol Inc ; Ltd မှ အာမခံအလုပ်သမား ဦးအောင်ဆန်းမင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၄,၂၈၄,၀၀၀/- ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဦးမြင့်ဆွေမှ ပေးအပ်ခဲ့ပါသည်။