လူမှုဖူလုံရေးအဖွဲ့၏ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း

၁။      ကယားပြည်နယ်၊ လွိုင်​ကော်​မြို့၊ စက်မှုဇုန်ရပ်ကွက်၊ စက်မှုဇုန်ခန်းမဆောင်၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၁၇-၅-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ လွိုင်ကော်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော စက်မှုဇုန်စီမံခန့်ခွဲ​ရေး​ကော်မတီရုံးမှ အာမခံအလုပ်သမား ဦးခွန်ထက်(ခ)အာလေးရှိုး၏ အလုပ်တွင် ထိခိုက်မှုကြောင့်သေဆုံးမှုအတွက်ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်းငွေကျပ်-  ၄,၈၀၀,၀၀၀/- ကို အာမခံအလုပ်သမား ဦးခွန်ထက်(ခ)အာလေးရှိုး၏ ဇနီးဖြစ်သူဒေါ်အညေးဇယ်အား ကယားပြည် နယ်၊ ပြည်နယ်တာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးမှ ပေးအပ်ခဲ့ပါသည်။

၂။       စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ဘောင်မိုင်းနင်းကော့ပါးလီမိတက် အစည်းအ​​ဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေး ခြင်းအခမ်းအနားကို ၁၁-၆-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ဆားလင်းကြီးမြို့နယ်၊ မြို့နယ်        လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာဝမ်ဘောင်မိုင်းနင်းကော့ပါးလီမိတက်မှ အာမခံအလုပ်သမား ဦးနိုင်ဝင်း၏ လုပ်ငန်းခွင်အတွင်းထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု(၇)နှစ် စာငွေလုံးငွေရင်းငွေကျပ်- ၁၁,၆၄၂,၄၀၀/-ကို အာမခံအလုပ်သမား ဦးနိုင်ဝင်းအား စစ်ကိုင်းတိုင်း ဒေသကြီး၊ တိုင်း​ဒေသကြီးတာဝန်ခံအရာရှိ ဦးသန်းနိုင်ဦးမှပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ ကိုယ်စား မြန်မာဝမ်ဘောင်မိုင်းနင်းကော့ပါးလီမိတက်၊ အခြေခံအလုပ်သမားအဖွဲ့အစည်းမှ အာမခံ အလုပ်သမား ဦးသက်မျိုးခိုင် ​ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

၃။      ရှမ်းပြည်နယ်၊ ​တောင်ကြီးမြို့၊ ပြည်နယ်လူမှုဖူလုံရေးရုံးအစည်းအ​ဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၁၇-၆-၂၀၁၉ ရက်နေ့တွင်ကျင်းပခဲ့ရာ တောင်ကြီးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား သော ​တောင်ကြီးသစ်ထုတ်လုပ်ရေး​ဒေသမှ အာမခံအလုပ်သမားဦးဇော်မင်းထွေး၏ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်းငွေကျပ်-  ၅,၄၀၀,၀၀၀/-ကို အာမခံအလုပ်သမားဦးဇော်မင်းထွေး၏ ဇနီးဖြစ်သူဒေါ်​ဌေးကြည်အား ရှမ်းပြည်နယ်၊ ပြည်နယ် တာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်​အောင်မှပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့် ရရှိသူကိုယ်စား တောင်ကြီးသစ်ထုတ်လုပ်ရေးဒေသ၊ လက်​ထောက်မန်နေဂျာဦးဝေလှိုင်မှ ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။