၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း

၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ မုံရွာမြို့၊ အစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၁-၃-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မုံရွာမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင် ထားသော စီနိုဟိုက်ဒရိုကုမ္ပဏီလီမိတက်မှ အာမခံအလုပ်သမားဦးဇော်လတ်၏ အလုပ်ခွင်အတွင်း ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေ ကျပ်- ၉,၅၈၂,၀၀၀/-ကို ဦးဇော်လတ်၏ဇနီးဖြစ်သူဒေါ်နွဲ့စန်းအား တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး မှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးသန်းနိုင်ဦးမှ ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူကိုယ်စား စီနို ဟိုက်ဒရိုကုမ္ပဏီလီမိတက်၊ စီမံရေးရာဌာနမှ အာမခံအလုပ်သမား ဦးလှရွှေမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

၂။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးရှိ Denko Trading Co.,Ltd အစည်းအဝေးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၆-၃-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မန္တလေးတိုင်း ဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံးခွဲ(၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသော Denko Trading Co.,Ltd မှ အာမခံအလုပ်သမားများဖြစ်ကြသည့် ဦးအောင်သန်းထိုက်၏ အလုပ်တွင်ထိခိုက်မှု ကြောင့် သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၄,၅၅၈,၈၀၀/-ကို ဦးအောင်သန်းထိုက်၏ အစ်ကိုဖြစ်သူ ဦးနေအောင်အား လည်းကောင်း၊ အာမခံ အလုပ်သမား ဦးထွန်းထွန်းဝင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက်နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၄,၅၅၈,၈၀၀/- ကို ဦးထွန်းထွန်းဝင်း၏မိခင် ဖြစ်သူ ဒေါ်အိဖြူအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်နှင်းနှင်းဦးမှပေး အပ်ခဲ့ပြီး၊ အာမခံအလုပ်သမား ဦးနိုင်လင်းထွန်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၄,၈၄၂,၀၀၀/-ကို ဦးနိုင်လင်းထွန်း ၏ ဇနီးဖြစ်သူ ဒေါ်တင်တင်မော်အား မြို့နယ်လူမှုဖူလုံရေးရုံးမှ ရုံးခွဲတာဝန်ခံ ဒေါ်သိင်္ဂီဦးမှ ပေးအပ် ခဲ့ပြီး၊ အကျိုးခံစားခွင့်ရရှိသူများကိုယ်စား Denko Trading Co.,Ltd၊ ဒုတိယအထွေထွေမန်နေဂျာ ဦးလှမင်းသိမ်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၃။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ပေါင်မြို့နယ်၊ ကမ္ဘာ့ရတနာဘဏ်(ပေါင်ဘဏ်ခွဲ)၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုး ခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂-၄-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ပေါင်မြို့နယ်၊ ကမ္ဘာ့ရတနာဘဏ်(ပေါင်ဘဏ်ခွဲ)မှ အာမခံအလုပ်သမား ဦးကိုကိုမောင်၏ အလုပ်တွင်ထိခိုက်မှု ကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၄,၇၁၉,၆၈၂/၅၀-ကို ဦးကိုကိုမောင်၏ ဇနီးဖြစ်သူ ဒေါ်စိုးဝေဝေပိုင်အား ပြည်နယ်တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒေါ်နီလာဆွေမှ ပေးအပ်ခဲ့ပါသည်။