၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း

၁။ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာ၊ Myanmar CP Livestock Co.,Ltd ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်း အနားကို ၁၁-၇-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ကျောက်ဆည်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော Myanmar CP Livestock Co.,Ltd မှ အာမခံအလုပ်သမား ဦးဇော်ထွန်းနိုင်၏ အလုပ်တွင်ထိခိုက်မှု ကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်- ၄,၇၆၇,၈၄၀/-ကို အာမခံအလုပ်သမား ဦးဇော်ထွန်းနိုင်၏ မိခင်ဖြစ်သူ ဒေါ်အေးမြင့်အား မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်နှင်းနှင်းဦးမှ ပေးအပ်ခဲ့ပါသည်။
၂။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးခန်းမ၌ ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့် အညီအကျိုး ခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၁၈-၇-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ ပဲခူးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ယန်စီကျန် အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဦးအောင်မင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်း အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၄,၃၂၀,၀၀၀/-ကို အာမခံအလုပ်သမား ဦးအောင်မင်း၏ ဇနီးဖြစ်သူ ဒေါ်သက်ထွေးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး ဦးညွန့်ရွှေမှ လည်းကောင်း၊ Stellar Power House Co.,Ltd မှ အာမခံအလုပ်သမား ဦးသက်နိုင်ဝင်း၏ နာရေးစရိတ်ငွေကျပ် ၆၃၉,၃၆၀/-ကို အာမခံအလုပ်သမား ဦးသက်နိုင်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ချိုချိုမာအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးထွန်းထွန်းဦးမှ လည်းကောင်း၊ Ever Meter Co.,Ltd မှ အာမခံအလုပ်သမား မဖြူဖြူဝင်း၏ မီးဖွားမှုနှင့်မီးဖွားစရိတ် အကျိုးခံစားခွင့်ငွေကျပ် ၄၄၇,၇၂၄.၅၆/-ကို အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းမှ လည်းကောင်း၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ အာမခံအလုပ်သမား ဒေါ်ဇင်ဝါဝါမြင့်၏ မမာမကျန်းခွင့်နှင့် ဆေးဘိုးပြန် အမ်းငွေကျပ် ၅၂၁,၇၆၀/- ကို အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး၊ ဒေါ်ခင်မာသက်မှ လည်းကောင်း၊ ကမ္ဘောဇဘဏ်မှ အာမခံအလုပ်သမား ဦးအောင်သူဟိန်း ၏ ဆေးဘိုးပြန်အမ်းငွေကျပ် ၂၀၀,၀၀၀/- နှင့် ဟိန်းရဲစိုးသစ်စက်မှ အာမခံအလုပ်သမား ဦးစိုးသန်း ၏ယာယီမသန်စွမ်းမှုအတွက်ငွေကျပ် ၁၁၇,၆၀၀/-ကို တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်မှ လည်းကောင်းပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများကိုယ်စား ယန်စီကျန်အထည်ချုပ်စက်ရုံမှ Assistant General Manager ဦးကျော်တင့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
၃။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံး၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၂၄-၇-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ မကွေးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံ တင်ထားသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာမခံအလုပ်သမား ဦးမြင့်သန်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးမှု ၃၃.၃၃% (၇)နှစ်စာအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်ငွေလုံးငွေရင်းငွေကျပ် ၅,၂၆၆,၉၇၃.၀၄/- ကို အလုပ်သမားရေးရာဝန်ကြီးဌာန၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဦးမြင့်ဆွေမှ လည်းကောင်း၊ တောင်တွင်းကြီးမြို့၊ ပြောင်းဖူးထုတ်ကုန် စက်ရုံမှ အာမခံအလုပ်သမားဦးဝင်းဗိုလ်၏ နှလုံးခွဲစိတ်ကုသမှုအတွက် ဆေးဘိုးကုန်ကျငွေကျပ် ၂,၅၈၈,၄၆၅/- ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမား ရေးရာဆက်ဆံရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်နုနုဆွေမှ လည်းကောင်း၊ မင်းဘူးမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ထောက်ရှာ ပင်(ကမ်းနီ) ရေနံမြေမှ အာမခံအလုပ်သမားဦးသက်နိုင်ဦး၏ ဆေးဘိုးစိုက်ထုတ်ကုန်ကျငွေကျပ် ၂,၃၂၈,၄၄၀/- ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်အိအိသွယ်မှ လည်းကောင်းပေးအပ် ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများကိုယ်စား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာမခံ အလုပ်သမား ဦးမြင့်သန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
၄။ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၊ ပြည်ညောင်ကျေးရွာ၊ ရွှေတောင်ဘိလပ်မြေစက်ရုံ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ၁-၈-၂၀၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ သာစည်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံ တင်ထားသော ရွှေတောင်ဘိလပ်မြေစက်ရုံမှ အာမခံအလုပ်သမား ဦးရဲမြင့်၏ အလုပ်တွင်ထိခိုက်မှု ကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၈,၇၀၀,၀၀၀/- ကို အာမခံအလုပ်သမား ဦးရဲမြင့်၏သမီးဖြစ်သူ ဒေါ်မြသက်မွန်အား မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံ ရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်နှင်းနှင်းဦးမှ ပေးအပ်ခဲ့ပါသည်။