လူမှုဖူလုံရေးအဖွဲ့၏(၇/၂၀၁၈) လအတွင်း ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေးခြင်းအခမ်းအနားများကျင်းပခဲ့ခြင်း

၁။ မန္တလေးအလုပ်သမားဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာခင်နွဲ့ဌေး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၃-၇-၂၀၁၈ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ မြန်မာ့လယ်ယာသုံးစက်ကရိယာစက်ရုံ(အင်းကုန်း)မှ အာမခံ အလုပ်သမား (၅၄၈) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး၊ လူနာ(၈၀)ဦးကို မန္တလေးအလုပ်သမားဆေးရုံကြီးသို့ ဆေးရုံအတွင်းလူနာ အဖြစ်ကုသပေးရန် လွှဲပြောင်းပေးခဲ့ပါသည်။
၂။ ထန်းတပင်အလုပ်သမားဆေးရုံကြီးမှ လက်ထောက်ဆရာဝန်ဒေါက်တာရာဇာဌေး ဦးဆောင် သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၆-၇-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်ရှိ Pak Chun အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား (၂၈၈) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေး ခဲ့ပါသည်။
၃။ ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Memento Resort မှ အာမခံအလုပ်သမား ဒေါ်သူသူအောင်၏ လုပ်ငန်းခွင်ပြင်ပ အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၃,၂၄၀,၀၀၀/-(ကျပ်သုံးဆယ့်နှစ်သိန်းလေးသောင်းတိတိ)ကို သံတွဲမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ ရုံးခွဲတာဝန်ခံ ဦးသက်ဆွေမှ ခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ၏ကိုယ်စား Memento Hotel ပိုင်ရှင် ဦးမြင့်လှိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
၄။ ထန်းတပင်အလုပ်သမားဆေးရုံကြီးမှ လက်ထောက်ဆရာဝန်ဒေါက်တာရာဇာဌေး ဦးဆောင် သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၁၃-၇-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင် သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ Eslite Garment Co,.Ltd အထည်ချုပ်စက်ရုံမှ အာမခံ အလုပ်သမား (၃၁၇) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
၅။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများပူးပေါင်း၍ မော်လမြိုင်မြို့၊ Ocean Center အစည်း အဝေးခန်းမ၌ အလုပ်သမားရေးရာဆိုင်ရာဥပဒေများ အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ အာမခံအလုပ်သမား စုစုပေါင်း(၂၃)ဦး တက်ရောက်ခဲ့ကြပါသည်။
၆။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများပူးပေါင်း၍ ၁၆-၇-၂၀၁၈ ရက်နေ့တွင် မော်လမြိုင်မြို့၊ Nabati ဝေဖာဖြန့်ဖြူးရေး အစည်းအဝေးခန်းမ၌ အလုပ်သမားရေးရာဆိုင်ရာဥပဒေများ အသိပညာ ပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ အာမခံအလုပ်သမား စုစုပေါင်း(၂၈)ဦး တက်ရောက်ခဲ့ကြပြီး၊ ၁၇-၇-၂၀၁၈ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ကတုံစိကျေးရွာရှိ Seven Brother Co.,Ltd နှင့် SHWE KVS Co.,Ltd နှစ်ခုပေါင်း၍ အလုပ်သမားရေးရာဆိုင်ရာဥပဒေများ အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ အာမခံအလုပ်သမား စုစုပေါင်း(၄၃)ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် မြို့နယ်ဆေးခန်းတာဝန်ခံများမှ ဆွေးနွေးပွဲသို့တက်ရောက်လာသော အာမခံအလုပ်သမား များအား ဆေးကုသမှုပေးခဲ့ပါသည်။