လူမှုဖူလုံရေးအဖွဲ့၏ (၃/၂၀၁၈) လအတွင်း၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေးခြင်းအခမ်းအနားများ

၁။ မန္တလေးအလုပ်သမားဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာခင်နွဲ့ဌေး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၆-၃-၂၀၁၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ရှိ မြတ်နိုးသူ သစ်အခြေခံစက်ရုံ၊ Honda Myanmar သစ်စက်ရုံ၊ အောင်စိန်ချည်မျှင်စက်ရုံ၊ ရွှေတောင်လမ်းတံတားကုမ္ဗဏီ၊ ဟုမ်းပန်း ဝါယာ၊ မြန်မာ့သပြေဘိနပ်စက်ရုံ၊ ကောင်းစိန်ယက္ကန်းစက်ရုံနှင့် မန်းဧရာဝဏ် ပရိဘောဂ စက်ရုံ များမှ အာမခံအလုပ်သမား (၅၃၁) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး၊ လူနာ(၁၀၉)ဦးကို မန္တလေးအလုပ်သမားဆေးရုံကြီး သို့ ဆေးရုံအတွင်းလူနာအဖြစ်ကုသပေးရန် လွှဲပြောင်းပေးခဲ့ပါသည်။
၂။ ရန်ကုန်အလုပ်သမားဆေးရုံ (ထန်းတပင်) မှ လက်ထောက်ဆရာဝန် ဒေါက်တာရာဇာဌေး ဦးဆောင်သော ဆရာဝန်များ၊ သူနာပြုဆရာမများပါဝင်သည့် ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၉-၃-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၄)ရှိ မြူးနှင့်စူး အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား (၂၁၁) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
၃။ ရန်ကုန်အလုပ်သမားဆေးရုံ (ထန်းတပင်) မှ လက်ထောက်ဆရာဝန် ဒေါက်တာရာဇာဌေး ဦးဆောင်သောဆရာဝန်များ၊ သူနာပြုဆရာမများပါဝင်သည့် ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၁၆-၃-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်ရှိ Musung Garment အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား(၂၃၉) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်း နှင့်ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
၄။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ဦးသိန်းအောင်သစ်ခွဲစက်မှ အာမခံအလုပ်သမား ဦးမြတ်မင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် ညာဘက် လက်မတစ်ဆစ်ပြတ်တောက်ဒဏ်ရာ၊ လက်ညှိုးနှစ်ဆစ်ပြတ်တောက်ဒဏ်ရာများ ရရှိသည့်အတွက် လုပ်အားဆုံးရှုံးမှု(၃၁%) အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် လစဉ်ပင်စင်ငွေ၏(၇) နှစ်စာနှင့် ညီမျှသည့် ငွေလုံးငွေရင်းငွေကျပ် ၈၂၀,၂၆၀ိ/-(ကျပ်ရှစ်သိန်းနှစ်သောင်းနှစ်ရာ့ခြောက်ဆယ်တိတိ) ကို ပြည်နယ်တာဝန်ခံ ဒေါ်သင်းသင်းဦးမှ မိတ်ဖက်ဌာနများ၊ တာဝန်ရှိသူများရှေ့တွင် ခွင့်ပြုထုတ် ပေးခဲ့ပြီး အာမခံအလုပ်သမား ဦးမြတ်မင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
၅။ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြို့နယ်လျှစ်စစ်အင်ဂျင်နီယာရုံးမှ အာမခံအလုပ်သမား ဦးအောင်မျိုးထွန်း၏ အလုပ် တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့်နာရေးစရိတ်လိုငွေ ငွေလုံးငွေရင်း ငွေကျပ် ၄,၀၅၀,၆၀၀ိ/-(ကျပ်လေးဆယ်သိန်းငါးသောင်းခြောက်ရာတိတိ) ကို မန္တလေး တိုင်းဒေသကြီး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံရှိ ဦးလှမြင့်မှ အာမခံ အလုပ်သမား၏ဇနီးဖြစ်သူ ဒေါ်ဝင်းဝင်းမာအား ခွင့်ပြုထုတ်ပေးခဲ့ပြီး၊ အကျိုးခံစားခွင့်ရရှိသူ ကိုယ်စား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးနေလင်းအောင်မှ ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
၆။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Huabo Time အထည်ချုပ်စက်ရုံ မှ အာမခံအလုပ်သမား ဒေါ်မိုးသူဇာဝင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၃,၂၄၀,၀၀၀ိ/-(ကျပ်သုံးဆယ့်နှစ်သိန်းလေးသောင်းတိတိ) ကို ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံရှိ ဒေါ်လှလှထွေးမှ အာမခံအလုပ်သမား ၏မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်ဌေးနှင့် ကွယ်လွန်သူ၏ခင်ပွန်းဖြစ်သူ ဦးကျော်ကျော်ပြည့်တို့အား ခွင့်ပြု ထုတ်ပေးခဲ့ပြီး၊ အထည်ချုပ်စက်ရုံ မန်နေဂျာနှင့် ကျန်ရစ်သူမိသားစုမှ ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့ပါသည်။
၇။ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ရောင်နီအရက်ချက်စက်ရုံ မှ အာမခံအလုပ်သမား မောင်ထူးနိုင်ဝင်း၏ အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၃,၂၄၀,၀၀၀ိ/- (ကျပ်သုံးဆယ့်နှစ်သိန်းလေးသောင်းတိတိ) ကို ဧရာဝတီတိုင်းဒေသကြီး၊ တိုင်း ဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံရှိ ဒေါ်လှလှထွေးမှ အာမခံအလုပ်သမား ၏ဖခင်ဖြစ်သူ ဦးဝင်းတင်အား ခွင့်ပြုထုတ်ပေးခဲ့ပြီး၊ အကျိုးခံစားခွင့်ရရှိသူ၏ကိုယ်စား ရောင်နီ အရက်ချက်စက်ရုံ၊ မန်နေဂျာ ဦးအောင်ကိုကိုဝင်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
၈။ ရန်ကုန်အလုပ်သမားဆေးရုံ (ထန်းတပင်) မှ လက်ထောက်ဆရာဝန် ဒေါက်တာရန်လင်းကို ဦးဆောင်သောဆရာဝန်များ၊ သူနာပြုဆရာမများပါဝင်သည့် ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၂၃-၃-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ သံမဏိသံရည်ကျိုစက်ရုံမှ အာမခံအလုပ်သမား(၈၃) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်း နှင့်ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
၉။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် IBTC Co.,Ltd မှ အာမခံအလုပ်သမား ဦးကြည်ဝင်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၈,၃၅၆,၈၃၀ိ/-(ကျပ်ရှစ်ဆယ့်သုံးသိန်းငါးသောင်းခြောက်ထောင်ရှစ်ရာသုံးဆယ်တိတိ) ကို မွန်ပြည်နယ်၊ ပြည်နယ် လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံရှိ ဒေါ်သင်းသင်းဦးမှ အာမခံအလုပ်သမား၏ ဇနီးဖြစ်သူ ဒေါ်နီနီလွင်အား ခွင့်ပြုထုတ်ပေးခဲ့ပြီး၊ အကျိုးခံစားခွင့်ရရှိသူကိုယ်စား IBTC Co.,Ltd၊ တာဝန်ခံ ဦးအောင်မျိုးလွင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
၁၀။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား သည့် Dogon Win Win Co.,Ltd (AsiaLight) မှ အာမခံအလုပ်သမား ဦးရန်နောင်ထွန်း၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၃,၆၀၀,၀၀၀ိ/-(ကျပ်သုံးဆယ့်ခြောက်သိန်းတိတိ) ကို ရှမ်းပြည်နယ်၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးနိုင်ဝင်းအောင်မှ အာမခံအလုပ်သမား၏ ဖခင်ဖြစ်သူဦးနာနီးအား ခွင့်ပြု ထုတ်ပေးခဲ့ပြီး၊ ဖခင်ဖြစ်သူဦးနာနီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။