လူမှုဖူလုံရေးအဖွဲ့၏(၄/၂၀၁၈) လအတွင်း ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေးခြင်းအခမ်းအနားများ

၁။ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၅)တွင် အကျုံးဝင်မှတ်ပုံတင်ထား သည့် Prime Metal Co,.Ltd မှ အာမခံအလုပ်သမား ဦးချစ်ကိုကို၏ အလုပ်တွင်ထိခိုက်မှု ကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်(ငွေလုံးငွေရင်း)နှင့် နာရေးစရိတ် ငွေကျပ် ၈,၆၀၆,၀၂၄.၉၆/-(ရှစ်ဆယ့်ခြောက်သိန်းခြောက်ထောင်နှစ်ဆယ့်လေးကျပ်နှင့် ကိုးဆယ့်ခြောက် ပြား)ကို တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးစိန်သန်းမြင့်မှ ခွင့်ပြုထုတ်ပေးခဲ့ပြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၃)တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Ace cook Myanmar Co,.Ltd မှ အာမခံအလုပ်သမား ဦးစောငြိမ်းအေး၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်း အတွက် ကျန်ရစ်သူအကျိုးခံစားခွင့်(ငွေလုံးငွေရင်း) နှင့် နာရေးစရိတ်ငွေကျပ် ၄,၀၃၇,၈၀၀/- (ကျပ်လေးဆယ်သိန်းသုံးသောင်းခုနှစ်ထောင်ရှစ်ရာတိတိ)ကို မြန်မာနိုင်ငံလုံးဆိုင် ရာအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(CTUM)၊ လူမှုဖူလုံရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး တာဝန်ခံ ဦးလှဌေး မှ ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ ထို့နောက် အကျိုးခံစားခွင့်ရရှိသူများကိုယ်စား Ace cook Myanmar Co.,Ltd အလုပ်ဌာနကိုယ်စားလှယ် ဒေါ်အိအိသော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၂။ မန္တလေးအလုပ်သမားဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာခင်နွဲ့ဌေး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၂-၄-၂၀၁၈ ရက်နေ့တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အမှတ်(၃) ရေခါးဆေးဝါးစက်ရုံမှ အာမခံအလုပ်သမား (၄၇၆) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး၊ လူနာ(၃၅)ဦးကို မန္တလေးအလုပ်သမားဆေးရုံကြီးသို့ ဆေးရုံအတွင်းလူနာအဖြစ်ကုသပေးရန်လွှဲ ပြောင်းပေးခဲ့ပါသည်။

၃။ ထန်းတပင် အလုပ်သမားဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာရာဇာဌေးဦး ဆောင်သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၆-၄-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၂)ရှိ Star Tex သိုးမွှေးထိုးထည်နှင့် အထည်ချုပ်စက်ရုံမှ အာမခံ အလုပ်သမား (၂၀၇) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

၄။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ အာမခံအလုပ်သမား ဦးအောင်ကျော်မင်း၏ အလုပ် တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်(ငွေလုံးငွေရင်း) ငွေကျပ် ၇,၄၀၈,၈၀၀ိ/- (ကျပ်ခုနှစ်ဆယ့်လေးသိန်းရှစ်ထောင်ရှစ်ရာတိတိ)ကို ပြည်နယ်တာဝန်ခံဦးသက်ဆွေမှခွင့်ပြုထုတ် ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ၏ကိုယ်စား မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ရုံးအုပ် ဦးဝင်းသိန်းမှကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၅။ ထန်းတပင်အလုပ်သမားဆေးရုံကြီးမှ လက်ထောက်ဆရာဝန်ဒေါက်တာချိုချိုအေး ဦးဆောင် သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၂၀-၄-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင် သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်ရှိ ချန်းရိဖိနပ်စက်ရုံမှ အာမခံအလုပ်သမား (၂၃၅) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

၆။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် သစ်လုပ်ငန်းဒေသရုံး မှ အာမခံအလုပ်သမား ဦးဇော်ဝင်းနိုင်၏ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၇,၁၃၃,၆၈၆.၅၆/-(ခုနှစ်ဆယ့် တစ်သိန်းသုံးသောင်းသုံးထောင်ခြောက်ရာရှစ်ဆယ့်ခြောက်ကျပ်နှင့်ငါးဆယ့်ခြောက်ပြား)၊ AGD Bank မှ အာမခံအလုပ်သမား ဒေါ်ရီရီဆွေ၏ မီးဖွားမှုနှင့်မီးဖွားမှုစရိတ် အကျိုးခံစားခွင့်ငွေကျပ် ၇၉၀,၉၅၀/-(ကျပ်ခုနှစ်သိန်းကိုးသောင်းကိုးရာ့ငါးဆယ်)၊ JDS Co.Ltd မှ အာမခံအလုပ်သမား ဒေါ်ရည်မွန်ဦး၏ မီးဖွားမှုနှင့်မီးဖွားမှုစရိတ် အကျိုးခံစားခွင့်ငွေကျပ် ၆၃၅,၂၃၅.၃၇/-(ခြောက် သိန်းသုံးသောင်းငါးထောင်နှစ်ရာသုံးဆယ့်ငါးကျပ်နှင့်သုံးဆယ့်ခုနှစ်ပြား)တို့ကို ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည်မှလည်းကောင်း၊ အမှတ် (၁၆) အကြီးစားစက်ရုံ မှ အာမခံအလုပ်သမားဒေါ်နွဲ့နွဲ့စန်း၏ နာရေးစရိတ်အကျိုးခံစား ခွင့်ငွေကျပ် ၆၀၃,၉၀၀/-(ကျပ်ခြောက်သိန်းသုံးထောင်ကိုးရာတိတိ)၊ အမှတ်(၁၆) အကြီးစားစက်ရုံမှ အာမခံ အလုပ်သမားဦးတင်ထွန်းဝေ၏ နာရေးစရိတ်အကျိုးခံစားခွင့်ငွေကျပ် ၅၀၇,၀၀၀/-(ကျပ်ငါးသိန်း ခုနှစ်ထောင်တိတိ)၊ ခရိုင်လျှပ်စစ်မှ အာမခံအလုပ်သမား ဒေါ်နီလာကျော်၏ မီးဖွားမှုနှင့် မီးဖွားစရိတ် အကျိုးခံစားခွင့်ငွေကျပ် ၄၇၈,၃၂၄.၃၄/-(လေးသိန်းခုနှစ်သောင်းရှစ်ထောင်သုံးရာနှစ်ဆယ့်လေး ကျပ်နှင့်သုံးဆယ့်လေးပြား)တို့ကို ပြည်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြတ်ကျော် မှ လည်းကောင်း၊ အင်ငါးခွသကြားစက်မှ အာမခံအလုပ်သမားဦးဇော်မျိုးအောင်၏ နာရေးစရိတ် အကျိုးခံစားခွင့်ငွေကျပ်၃၅၃,၈၀၀/-(ကျပ်သုံးသိန်းငါးသောင်းသုံးထောင်ရှစ်ရာတိတိ)ကို ပဲခူးတိုင်းဒေသ ကြီးလူမှုဖူလုံရေးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်မှ ခွင့်ပြုထုတ်ပေးခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူများ၏ကိုယ်စား သစ်လုပ်ငန်းဒေသရုံး အာမခံအလုပ်သမား ဦးဇော်ဝင်းနိုင် မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၇။ ထန်းတပင် အလုပ်သမားဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာရာဇာဌေးဦး ဆောင်သော ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၂၇-၄-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်ရှိ Honeys Garment အထည်ချုပ်စက်ရုံမှ အာမခံအလုပ် သမား (၂၈၀) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင် ရွက်ပေးခဲ့ပါသည်။