(၁/၂၀၁၈) လအတွင်း ၂၀၁၂ ခုနှစ် ၊လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေးခြင်း အခမ်းအနားများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အကျုံးဝင်မှတ်ပုံတင်သည့် Sinma Living Mallမှ အာမခံအလုပ်သမား ဒေါ်ဇင်မာ၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ်၂,၆ဝဝ, ဝဝဝ/၁ဝ-(ကျပ်နှစ်ဆယ့်ခြောက်သိန်းဆယ်ပြားတိတိ) အား ၁၂-၁-၂၀၁၈ ရက်နေ့တွင် အဖွဲ့ရုံးချုပ်အာမခံဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနု မှ အခမ်းအနားဖြင့် တက်ရောက်ပေးအပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၂)ရှိ အကျုံးဝင်မှတ်ပုံတင်ထား သည့် SOLAMODA အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား(၂၆၀)ဦးကို အလုပ်သမား ဆေးရုံ၊ထန်းတပင်မှ လက်ထောက်ဆရာဝန် ဒေါက်တာရာဇာဌေးဦးဆောင်သောအဖွဲ့သည် ၁၂-၁-၂၀၁၈ ရက်နေ့တွင် ကွင်းဆင်းဆေးကုသခြင်း၊ ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်ရှိ အကျုံးဝင်မှတ်ပုံတင်ထား သည့် တပ်မတော် ပရိဘောဂစက်ရုံမှ အာမခံအလုပ်သမား (၁၀၄) ဦးကို မန္တလေးအလုပ်သမား ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်နွဲ့ဌေး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်း(၃၀)ဦးတို့ဖြင့် ၁၅-၁-၂၀၁၈ ရက်နေ့တွင် ကွင်းဆင်းဆေးကုသခြင်း၊ ပညာ ပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
၄။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၃)ရှိ အကျုံးဝင်မှတ်ပုံတင် ထားသည့် Mianyi Manufacturing အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား (၁၄၈)ဦး ကို အလုပ်သမား ဆေးရုံ၊ ထန်းတပင်မှ လက်ထောက်ဆရာဝန် ဒေါက်တာရန်လင်းကို ဦးဆောင် သောအဖွဲ့သည် ၁၉-၁-၂၀၁၈ ရက်နေ့တွင် ကွင်းဆင်းဆေးကုသခြင်း၊ ပညာပေးဟောပြောခြင်း များကို ဆောင်ရွက်ပေးခဲ့ပါသည်။