လူမှုဖူလုံရေးအဖွဲ့၏(၂/၂၀၁၈) လအတွင်း ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေးခြင်း အခမ်းအနားများ

၁။ အလုပ်သမားဆေးရုံ၊ ထန်းတပင်မှ လက်ထောက်ဆရာဝန် ဒေါက်တာမေစုမြတ် ဦးဆောင် သောအဖွဲ့သည် ၂၆-၁-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော် ရထာစက်မှုဇုန်ရှိ ဆီဒူနို အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား (၃၀၀) ဦးအား ကွင်းဆင်း ဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။ (ပုံ – ၁)
၂။ ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး(ရုံးခွဲ-၁)တွင် အကျုံးဝင်မှတ်ပုံတင်ထား သည့် အားမာန်မီးစက်ရောင်းဝယ်ရေးလုပ်ငန်းမှ အာမခံအလုပ်သမား ဦးကျော်သူ၏ အလုပ်တွင် ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးမှု ၁၀၀% နှင့် အမြဲမပြတ်ပြုစုစောင့်ရှောက်ရန် ၁၀% စုစုပေါင်း ၁၁၀ % အတွက် အမြဲတမ်းမသန်စွမ်းမှုပင်စင်ငွေလုံးငွေရင်းငွေကျပ် ၉,၃၅၅,၅ဝဝိ/-(ကျပ်ကိုး ဆယ့်သုံးသိန်းငါးသောင်းငါးထောင့်ငါးရာတိတိ) အား တိုင်းဒေသကြီးတာဝန်ခံအရာရှိ နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဗဟိုကော်မတီဝင် ဦးမျိုးမြင့် ဦးဆောင် သောအဖွဲ့သည် ၃-၂-၂၀၁၈ ရက်နေ့တွင် အဆိုပါ အလုပ်သမားနေထိုင်ရာ အမှတ် (၂၈၄/ခ) ၊ တောင်သူ(၁) လမ်း၊ (၇) ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်သို့ နေအိမ်အရောက်သွား ရောက်ထုတ်ပေးခဲ့ပါသည်။ (ပုံ − ၂)
၃။ မန္တလေးအလုပ်သမားဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်နွဲ့ဌေး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၆-၂-၂၀၁၈ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်ရှိ Hi-Tech သစ်အချောထည်စက်ရုံမှ အာမခံ အလုပ်သမား (၁၅၆) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး၊ မန္တလေးအလုပ်သမားဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် (၂၀) ဦးကို လွှဲပြောင်းပေးခဲ့ပါသည်။ (ပုံ − ၃)
၄။ ရန်ကုန်အလုပ်သမားဆေးရုံ(ထန်းတပင်) မှ လက်ထောက်ဆရာဝန် ဒေါက်တာရာဇာဌေး ဦးဆောင်သော ဆရာဝန်များ၊ သူနာပြုဆရာမများပါဝင်သည့် ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် ၁၆-၂-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်ရေလုပ်ငန်း စက်မှုဇုန်ရှိ Universal Apparel အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား (၁၈၈) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် ပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။ (ပုံ − ၄)