(၁၂/၂၀၁၇) လအတွင်း ၂၀၁၂ ခုနှစ် ၊လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေးခြင်း အခမ်းအနားများ ကျင်းပခဲ့ခြင်း

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း(ပြည်ရေနံမြေ)မှ အာမခံအလုပ်သမား ဦးစိုးထက်အောင်၏ အလုပ်တွင် ထိခိုက်မှုကြောင့် လုပ်အားဆုံးရှုံးမှု ၂၅% အတွက် အမြဲတမ်းမသန်စွမ်းမှုငွေလုံးငွေရင်းငွေကျပ် ၂,၄၈၄,၃ဝဝိ/-(ကျပ်နှစ်ဆယ့်လေးသိန်းရှစ်သောင်းလေးထောင့်သုံးရာတိတိ) အား ၁၅-၁၂-၂၀၁၇ ရက်နေ့တွင် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း(ပြည်ရေနံမြေ)ခန်းမ၌ အခမ်းအနားဖြင့် တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တာဝန်ခံအရာရှိမှ တက်ရောက်ပေးအပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ့ မီးရထား (ဘူတာ)မှ အာမခံအလုပ်သမားဦးအောင်ကျော်မြင့်ဦး၏ နာရေးစရိတ် အကျိုးခံစားခွင့် ငွေကျပ် ၅၅၉,၃၅ဝိ/-(ကျပ်ငါးသိန်းငါးသောင်းကိုးထောင့်သုံးရာ့ငါးဆယ်တိတိ)အား ၁၅-၁၂-၂၀၁၇ ရက်နေ့တွင် မြို့နယ်လူမှုဖူလုံရေးရုံး၊ မြန်အောင်မြို့၌ အခမ်းအနားဖြင့် ရုံးခွဲတာဝန်ခံမှ ပေးအပ်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသရှိ Myanmar Sinohydro Mining Company မှ အာမခံအလုပ်သမားများကို မန္တလေးအလုပ်သမားဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ ပါဝင်သည့် ကွင်းဆင်းဆေးကုသမှုအဖွဲ့သည် တိုင်းဒေသကြီးတာဝန်ခံအရာရှိနှင့် မြို့နယ်ရုံးခွဲ တာဝန်ခံတို့ လိုက်ပါလျက် ကွင်းဆင်းဆေးကုသခြင်း၊ ပညာပေးဟောပြောခြင်းများကို ၁၉-၁၂-၂၀၁၇ ရက်နေ့တွင် ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် အကျုံးဝင်မှတ်ပုံတင်သည့် ဧရာဝတီဘဏ်မှ အာမခံအလုပ်သမား ဒေါ်ဟေဇင်ကိုကို၏ မီးဖွားမှုနှင့် မီးဖွားစရိတ်အကျိုးခံစားခွင့်ငွေကျပ် ၈၀၁,ဝဝဝိ/-(ကျပ်ရှစ်သိန်းတစ်ထောင်တိတိ)အား ၂၁-၁၂-၂၀၁၇ ရက်နေ့တွင် ဧရာဝတီဘဏ်၌ မြို့နယ်ရုံးခွဲတာဝန်ခံမှ အခမ်းအနားဖြင့် တက်ရောက်ပေးအပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၄)ရှိ OUMI အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမားများကို ရန်ကုန်အလုပ်သမားဆေးရုံ(ထန်းတပင်)မှ လက်ထောက်ဆရာဝန် ဒေါက်တာရာဇာဌေး ဦးဆောင်သော ဆရာဝန်များ၊ သူနာပြုများပါဝင်သည့် ကွင်းဆင်းဆေး ကုသမှုအဖွဲ့သည် မြို့နယ်ရုံးခွဲတာဝန်ခံနှင့် ဒုတိယဦးစီးမှူးများလိုက်ပါလျက် ကွင်းဆင်းဆေး ကုသခြင်း၊ ပညာပေးဟောပြောခြင်းများကို ၂၂-၁၂-၂၀၁၇ ရက်နေ့တွင် ဆောင်ရွက်ပေးခဲ့ပါသည်။