လူမှုဖူလုံရေးအဖွဲ့ Fundamental Database Management သင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ ကျင်းပခြင်း

နေပြည်တော်၊ ဇန်နဝါရီလ ၁၈ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ Fundamental Database Management သင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို ၁၈-၁-၂၀၁၉ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေး အဖွဲ့(ရုံးချုပ်)၊ သင်တန်းခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်းသား/သူ (၄၆) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကားပြော ကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ပြီး သင်တန်း သား/သူများကို သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသား/ သူများကိုယ်စား သင်တန်းသား(၁)ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် (၁၁:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။