ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းဆင်းများ အနက်မှ လူမှုဖူလုံရေးအဖွဲ့သို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဝန်ထမ်း(၁၅)ဦးတို့အား ကြိုဆိုနှုတ်ခွန်းဆက်ခြင်းနှင့် လုပ်ငန်းခွင်ဝင် အကြိုသင်တန်း အမှတ်စဉ် (၃/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ နိုဝင်ဘာ လ ၈ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ တွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ကျောင်းဆင်းများ အနက်မှ လူမှုဖူလုံရေးအဖွဲ့သို့ တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဝန်ထမ်း(၁၅)ဦးတို့အား ကြိုဆိုနှုတ်ခွန်းဆက်ခြင်းနှင့် လုပ်ငန်းခွင်ဝင် အကြိုသင်တန်း အမှတ်စဉ်(၃/၂၀၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၈-၁၁-၂၀၁၈ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ အစည်းအဝေးခန်းမ(၁) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ထမ်းအသစ်များမှ တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ သင်တန်း သားများအား လုပ်ငန်းခွင်ဝင် အကြိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် လက်တွေ့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝပြီး ပေးအပ်လာသည့် လုပ်ငန်းတာဝန်များ အား စနစ်တကျ လျှင်မြန်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သင်တန်းကို ၈-၁၁-၂၀၁၈ ရက်နေ့ မှ ၁၄-၁၁-၂၀၁၈ ရက်နေ့ထိ သင်ကြားပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ သင်တန်း နည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်းသား(၁၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်း အနားကို နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။