ဒုတိယဦးစီးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဇူလိုင် လ ၂၂ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယဦးစီးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ၂၂-၇-၂၀၁၉ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူမှုဖူ လုံရေးအဖွဲ့(ရုံးချုပ်)၊ သုတေသနနှင့် စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူး၊ သင်တန်းတာဝန်ခံမှ သင်တန်း ဆိုင်ရာစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းကို ၂၂-၇-၂၀၁၉ ရက်နေ့မှ ၂၆-၇-၂၀၁၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။
အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်းသား/ သင်တန်းသူ (၁၁၉)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၁၀:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။