Professional and Advanced Excel Training Course သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ စက်တင်ဘာ လ ၂၃ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ Professional and Advanced Excel Training Course သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၃-၉-၂၀၁၉ ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာ Myanmar Excel Expert Team မှ Founder and Trainer ဦးဌေးအောင်မှ သင်တန်းတွင်သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီး အဆိုပါသင်တန်းကို ၂၃-၉-၂၀၁၉ ရက်နေ့မှ ၁၀-၁၀-၂၀၁၉ ရက်နေ့အထိ သင်ကြားပေးသွား မည်ဖြစ်ပါသည်။
အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်း သား/သင်တန်းသူ (၄၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နေ့လည် (၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။