အင်္ဂလိပ်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဇွန်  လ ၂၄  ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊  အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၄-၆-၂၀၁၈ ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊  အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။   ဆက်လက်၍ EUROPA International Education Academy၊ သင်တန်းနည်းပြဆရာမှ မိတ်ဆက် စကားပြောကြားခဲ့ပြီး၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ သုတေသနနှင့် စီမံကိန်းဌာန၊ ညွှန်ကြားရေးမှူး၊ သင်တန်းတာဝန်ခံမှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းနှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းကို ၂၄-၆-၂၀၁၈ ရက်နေ့မှစ၍ အပတ်စဉ် (တနင်္လာ၊ အင်္ဂါ) နေ့များ၊ တစ်ပတ်လျှင်(၂)ရက်ဖြင့် (၃)လကြာ သင်ကြားပေးသွားမည် ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်း သား/ သင်တန်းသူ (၅၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက် (၀၉:၀၀) နာရီအချိန် တွင် ရုတ်သိမ်းခဲ့ပါသည်။