လူမှုဖူလုံရေးအဖွဲ့၏ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း

၁။      ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၂၁-၄-၂၀၂၀ ရက်နေ့တွင် ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ သာယာဝတီမြို့တွင် အကျုံးဝင်မှတ်ပုံတင် ထားသည့် Smart Home ကြွေပြားစက်ရုံမှ အာမခံအလုပ်သမား ဦးအောင်ကျော်မြင့်၏ အလုပ်ခွင် ပြင်ပထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၃,၇၈၀,၀၀၀/-ကို အာမခံအလုပ်သမား၏ဇနီး ဒေါ်ဝေမာအား သာယာဝတီမြို့နယ်လူမှုဖူလုံရေးရုံး၊ ရုံးခွဲတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ခင်စန်းဝင်းမှ ပေးအပ်ခဲ့ပြီး အာမခံအလုပ်သမား၏ဇနီးမှ ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

၂။       မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား သော Gold Petrol Joc.Inc ကုမ္ပဏီမှ အာမခံအလုပ်သမား ဦးခင်မောင်ညို၏ အလုပ်တွင် ထိခိုက် မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၁၅,၀၀၀,၀၀၀/- ကို   မကွေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိသွယ်မှ ရေနံချောင်းမြို့၊ ဂျူပ္ပင်ကျေးရွာရှိ အာမခံအလုပ်သမား၏ မိသားစုနေအိမ်သို့ သွားရောက်၍ ရေနံချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဂျူပ္ပင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ မိတ်ဖက်ဌာနတာဝန်ရှိသူများနှင့် အလုပ်ဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် အာမခံအလုပ်သမား ၏ ဇနီးဒေါ်ထွေးရီအား   ပေးအပ်ခဲ့ပါသည်။