လူမှုဖူလုံရေးအဖွဲ့၏ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီအကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်း

၁။      ပဲခူးတိုင်းဒေသကြီး၊  ပဲခူးမြို့၊ တိုင်းဒေသကြီးရုံးလူမှုဖူလုံရေးရုံးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံ ရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၂၅-၃-၂၀၂၀ ရက်နေ့တွင် ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ ပဲခူးမြို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Myanmar New Hope Farms Co.,Ltd မှ အာမခံအလုပ်သမား ဦးအေးနိုင်ထွန်း၏ အလုပ်တွင် ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၄,၃၃၈,၀၀၀/-ကို အာမခံအလုပ်သမား၏အကို ဦးအောင်ရွှေထွန်းအား ပဲခူးမြို့နယ်လူမှုဖူလုံရေးရုံး၊ တာဝန်ခံဦးစီး အရာရှိ ဒေါ်စန်းစန်းနွယ်မှ  ပေးအပ်ခဲ့ပြီး အာမခံအလုပ်သမား၏အကို ဦးအောင်ရွှေထွန်းမှ ကျေးဇူး တင်စကား ပြောကြားခဲ့ပါသည်။

၂။       ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား သော JB Capital Myanmar Co.,Ltd မှ အာမခံအလုပ်သမား ဦးအာကာကျော်၏ အလုပ်တွင် ထိခိုက် မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၅,၈၈၀,၀၀၀/- ကို   ပြည်ထောင်စုနယ်မြေတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခိုင်ခိုင်အောင်မှ နေပြည်တော်၊ ပုဗ္ဗ သီရိမြို့နယ်၊ ဝဲကြီးကျေးရွာရှိ အာမခံအလုပ်သမား၏ မိသားစုနေအိမ်သို့သွားရောက်၍ အာမခံအလုပ် သမား၏ မိသားစုဝင်များအား   ပေးအပ်ခဲ့ပါသည်။